ကျန်းမာစိုပြေတဲ့ ဆံကေသာက မိန်းကလေးတစ်ယောက်ရဲ့ အလှကို ပိုတိုးစေနိုင်ပါတယ်။ ဆံပင်လေးလှနေရင် မျက်နှာက ဘာမှမပြင်ထားရင်တောင် ကြည့်ကောင်းနေတတ်ပါတယ်။ ဆံပင်က နေရောင်ခြည်နဲ့ ခဏခဏထိတာ၊ ဆိုးဆေးထိတာ၊ အပူနဲ့ ထိတာ စတဲ့ အကြောင်းအရင်းတွေကြောင့် ဆံပင်ပျက်စီးလာတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဆံသားကျန်းမာလာစေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ Low Ponytail
ဆံပင်အမြင့်စည်းတာက ပိုထူးခြားပြီး ပို Dramatic ဆန်တယ်ဆိုတာ မှန်ပေမယ့် ခဏခဏ စည်းရင် ဆံသားနာတတ်ပါတယ်။ ဆံပင်အမြင့်စည်းတာထက် အနိမ့်စည်းတာက ဆံသားအတွက် ပိုကောင်းပါတယ်။
၂။ ခေါင်းလျှော်တဲ့အခါ
ဆံပင်ခေါင်းလျှော်တဲ့အခါ ဦးရေပြားကိုပဲ သေချာ ပွတ်လျှော်ပေးရပါမယ်။ ပျော့ဆေးသုံးတဲ့အခါမှာတော့ ဆံပင်အဖျားကိုပဲ သုံးသင့်ပါတယ်။ ဆီပုံမှန်လိမ်းဖို့လည်း မမေ့သင့်ပါဘူး။ ခေါင်းမလျှော်ခင် ပုံမှန်ခေါင်းဖြီးပေးသင့်ပါတယ်။
၃။ ဆံပင်ကို တင်းတင်းကျပ်ကျပ်ကြီး မစည်းပါနဲ့
ဒါက ဆံပင်အမြင့်စည်းသလိုပါပဲ။ ဦးရေပြားကို တင်းသွားစေကာ သွေးလည်ပတ်မှု နှောင့်နှေးစေနိုင်ပါတယ်။ ရိုးရိုးလေးပဲ စည်းတာ ကောင်းပါတယ်။
၄။ ခေါင်းလျှော်တဲ့ အကြိမ်ရေ
ဆံပင်ရှည်တဲ့သူနဲ့ ဆံပင်တိုတဲ့ သူတောင် ခေါင်းလျှော်သင့်တဲ့ အကြိမ်ရေ မတူပါဘူး။ ဆံပင်ရှည်တဲ့ ပျိုမေတို့အနေနဲ့ တစ်ပတ်မှာ ၃ ကြိမ်ကနေ ၄ ကြိမ် လျှော်နိုင်ပြီး ဆံပင်တို ပိုင်ဆိုင်တဲ့ ပျိုမေတို့ကတော့ ၂ ကြိမ်ကနေ ၃ ကြိမ် လောက်ပဲ လျှော်သင့်ပါတယ်။
၅။ အမြဲတမ်း ဆံပင်ကို ပုံမသွင်းပါနဲ့
ခဏခဏ ဆံပင်ကို ပုံသွင်းတဲ့အခါ ဆံသား ပျက်စီးစေပါတယ်။ ဆံပင်ကို အပူနဲ့ မထိလေ ဆံပင်ပျက်စီးဖို့ အခွင့်အရေး နည်းလေပါပဲ။ ဒါ့အပြင် ပျက်စီးသွားတဲ့ ဆံပင်က နဂို အနေအထားအတိုင်း ပြန်ရဖို့ အချိန်ယူရတတ်ပါတယ်။
၆။ Low Bun Hairstyles
ဘယ်လို ဆံပင်အမျိုးအစားပဲ ဖြစ်ဖြစ် ပျိုမေတို့အတွက် ပျက်စီးခြင်းကနေ ကာကွယ်ပေးမယ့် အန္တရာယ်အကင်းဆုံး ဆံပင်စတိုင်ကတော့ Low Bun Hairstyle ပါ။ ဒီစတိုင်က အလှဆုံးနဲ့ ကျက်သရေအရှိဆုံး စတိုင်ဆိုလည်း မမှားပါဘူး။
Photo Source: Pinterest
By MyStyle Myanmar