သင်က နေ့တိုင်း ဆံပင်ပုံကျချင်လား။ ဆံပင်ပုံမကျတဲ့ ရက်တွေမှာ အပြင်လည်း မထွက်ချင်၊ ဓာတ်ပုံလည်း မရိုက်ချင် ဖြစ်ဖူးမှာပါ။ ဆံပင်စတိုင်က ကိုယ့်မျက်နှာကို အကြီးအကျယ် ပြောင်းလဲစေနိုင်ပါတယ်။ သင်က နေ့တိုင်း ဆံပင်ပုံစံကျကာ လှချင်တယ်ဆိုရင် အောက်ဖော်ပြပါ အချက်တွေကို သိသင့်ပါတယ်။

၁။ မှန်ကန်တဲ့ နည်းလမ်းရှာပါ

သင်က ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ပုံကျနေဖို့ ဆံပင်ကောက်ရမလား၊ ဖြောင့်ရမလား ဘယ်နည်းလမ်းနဲ့ လိုက်လဲ ရှာနေသင့်ပါတယ်။ ဘယ်လိုလုပ်ရင် ဆံပင်ပုံသွင်းတာ ပိုခံမလဲ စသဖြင့် လေ့လာနေသင့်ပါတယ်။

၂။ မှန်ကန်စွာ စားပါ

သင့်ခန္ဓာကိုယ်ထဲ ထည့်လိုက်တဲ့ အစားအသောက်က သင့်ဆံပင်နဲ့ သင့်အလှအပေါ် သက်ရောက်မှုရှိပါတယ်။ ဆံပင်အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့ Vitamin B6-B12, Omega 3 စတာတွေကို ပါအောင် စားပေးသင့်ပါတယ်။

၃။ ရေအေးတာနဲ့ ခေါင်းလျှော်ပါ

ရေအေးတာနဲ့ လျှော်ရင် ဆံသားပိုကောင်းလေ့ရှိပါတယ်။

၄။ နေ့တိုင်း ခေါင်းမလျှော်ပါနဲ့

ဆံပင်ပုံကျချင်တယ်ဆိုပြီး နေ့တိုင်း ခေါင်းမလျှော်သင့်ပါဘူး။ ဒီလို ဆိုရင် ဆံပင်ထဲက ဆီအကုန်ပါသွားပြီး ဆံသားခြောက်သွေ့နိုင်ပါတယ်။

၅။ ရေစစ်ချတဲ့အခါ

ခေါင်းလျှော်ပြီး ရေစစ်ချတဲ့အခါ ဆံပင်ကို သဘတ်နဲ့ ညှစ်ပေးသင့်ပါတယ်။ ဦးရေပြားနဲ့ ဆံပင်ကို သဘတ်နဲ့ သုတ်တာ၊ ကြမ်းကြမ်းတမ်းတမ်း ပွတ်တာတွေက ဆံပင်အတွက် မကောင်းပါဘူး။

၆။ ဆံပင်တိပါ

အမြဲ ဆံပင်ပုံကျနေဖို့ ဆံပင်တိတာကိုလည်း လုပ်ပေးသင့်ပါတယ်။ ၆ ပတ်ကနေ ၈ ပတ်ကြာတိုင်းမှာ ဆံပင်တိပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar