ကိုယ့်ပုံမှန်အသားအရေထက် ပိုပြီးဖြူလာချင်တယ်ဆိုရင်တော့ အသားအရေကို သေချာပုံမှန်ဂရုစိုက်ပေးရပါမယ်။ ဒီတော့ အသားဖြူလာချင်တဲ့သူတွေအနေနဲ့ အမြဲတမ်း ပုံမှန်လုပ်ပေးဖို့လိုတဲ့ အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

Lotion ပုံမှန်လိမ်းပါ

အသားသိသိသာသာ ဖြူလာချင်ရင်တော့ Lotion သေချာသုံးပေးပါ။ Whitening Lotion လိမ်းရင် အသားဖြူလာပေမယ့် ရေရှည်အတွက်ဆိုရင်တော့ အစိုဓာတ်သေချာပေးနိုင်တဲ့ Lotion တွေကိုသာ ပုံမှန်လိမ်းပါ။ မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီး ဆေးကြောပြီးတစ်ကြိမ် လိမ်းပေးပါ။ အသားအရေက သိသိသာသာ ကြည်လာရင် အရင်ထက်တော့ ဖြူလာတာပါပဲ။

Sunscreen လိမ်းပါ

Lotion တွေ ဘယ်လောက်လိမ်းလိမ်း နေပူထဲသွားရင်တော့ အသားမဲလာမှာပါပဲ။ ဒီတော့ နေပူထဲသွားမယ်ဆိုရင် မျက်နှာကို Sunscreen လိမ်းသလိုပဲ Body အတွက်လည်း Sunscreen လိမ်းပေးပါ။ အိမ်ထဲမှာပဲနေရင်တော့ SPF ပါတဲ့ Lotion လိမ်းရင် အဆင်ပြေပါတယ်။

နေပူထဲကိုအကာအကွယ်မပါပဲမသွားပါနဲ့

Skincare တွေလုပ်နေပြီး နေပူထဲသွားရင် အကာအကွယ်မပါပဲသွားရင် ဘာမှမထူးပါဘူး။ ဒါကြောင့် နေပူထဲသွားရင် ထီးဆောင်းပါ။ အသားမဲမှာကြောက်ရင် နေပူထဲထွက်တဲ့အခါ ချည်သားလက်ရှည်အပါးလေးတွေ ဝတ်ပေးပါ။ ဒါဆိုရင် အသားလည်း ဖြူလာစေပါတယ်။

Body Scrub လုပ်ပါ

တစ်ပတ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်တော့ Body Scrub ပုံမှန်လုပ်ပေးပါ။ Body Scrub လုပ်ပေးမှာ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကြည်လင်စေမယ်၊ Lotion လိမ်းတဲ့အခါမှာလည်း ပိုပြီးအာနိသင်ရှိစေပါတယ်။

ရေများများသောက်ပါ

ရေသောက်နည်းရင် အသားအရေ မွဲခြောက်ပြီး ညစ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ ရေများများသောက်မှ အသားအရေစိုပြည်ပြီး ကြည်လင်လာမှာပါ။

အသီးဖျော်ရည်ပုံမှန်သောက်ပေးပါ

မုန်လာဥနီဖျော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည် စတာတွေက အသားအရေအရမ်းလှစေပါတယ်။ ဒါကြောင့် အသားအရေလှချင်တယ်၊ အသားအရေကြည်ပြီး ဖြူချင်တယ်ဆိုရင် ပုံမှန် တစ်နေ့တစ်ခွက် ဖျော်သောက်ပေးပါ။