ဘဝမှာ စိတ်ချမ်းသာချင်ရင်၊ စိတ်အနှောင့်အယှက်မဖြစ်ချင်ရင် အရာရာကို လိုက်ဂရုစိုက်ပြီး ခံစားမနေပါနဲ့။ အရာရာကို လိုက်ဂရုစိုက်နေရင် ပိုပင်ပန်းပါတယ်။ ဘဝမှာဂရုစိုက်နေတာတွေ ရပ်လိုက်သင့်တဲ့အရာ ၆ ခုရှိပါတယ်။
ကိုယ့်ကိုဂရုမစိုက်တဲ့သူတွေ
ကိုယ့်ကိုဂရုမစိုက်တဲ့သူတွေကို ဂရုစိုက်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်ကသာလိုက်ဂရုစိုက်နေပြီး သူတို့က ကိုယ့်ကို ရှိတယ်လို့တောင် မထင်တဲ့အခါ၊ လိုတစ်မျိုးမလိုတစ်မျိုး ဆက်ဆံတာတွေ ခံရတဲ့အခါ ကိုယ်ပဲ စိတ်ညစ်ရတယ်။ ကိုယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်။ ဒီလိုလူတွေကို လိုက်ဂရုစိုက်နေမယ့်အစား ကိုယ့်ကိုယ်ကိုသာ ဂရုစိုက်လိုက်ပါ။ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုပဲ ဂရုစိုက်ပေးလိုက်ပါ။
Toxic ဖြစ်တဲ့သူတွေ
Toxic ဖြစ်စေတဲ့သူတွေကို လိုက်ဂရုစိုက်နေမယ့်အစား ဘဝထဲကကို ထုတ်ပစ်ရမှာပါ။ ဒီလို Toxic ဖြစ်စေတဲ့သူတွေကို ဂရုစိုက်လို့ ကိုယ့်အတွက်ကောင်းတာမရှိပါဘူး။
သင့်အသက်
ကိုယ့်အသက်ကြောင့်နဲ့ စိတ်ညစ်နေရတဲ့သူတွေ ရှိမှာပါ။ တစ်ခုခုသင်ယူချင်တာရှိရင်လည်း ကိုယ့်အသက်အရွယ်နဲ့ အသက်ကြီးနေပြီဖြစ်လို့ အဆင်ပြေပါ့မလားနဲ့ တွေးပူနေတာမျိုး၊ အဝတ်အစား အလှအပနဲ့ ပတ်သက်လာရင်လည်း ကိုယ့်အသက်အရွယ်ကိုတွေးပြီး လိုက်ဂရုစိုက်နေတာမျိုး မဖြစ်ပါနဲ့။ Age Just Number ဆိုတဲ့စကားအတိုင်းပဲ အသက်ကို မေ့ထားပြီး ကိုယ်လုပ်ချင်တာလုပ်ပြီး ပျော်ပျော်နေပါ။
သင့်အတိတ်ကအမှားတွေ
အတိတ်ကအမှားတွေကို တွေးတွေးပြီး နောင်တရမနေပါနဲ့။ အတိတ်ကအမှားတွေကို ဂရုစိုက်မနေပါနဲ့တော့။ မှားခဲ့တာတွေကို သင်ခန်းစာယူပြီး လက်ရှိမှာသာ အကောင်းဆုံးဖြစ်အောင် နေထိုင်ပါ။
သူများအထင်အမြင်တွေ
သူများအထင်အမြင်တွေ၊ အတွေးတွေကို လိုက်ဂရုစိုက်နေရင် ကိုယ့်ကိုယ်ကိုယုံကြည်မှု ပျောက်ဆုံးလာပါလိမ့်မယ်။ ငါဒီလိုဝတ်ထားရင် သူများတွေငါ့ကို ဘယ်လိုထင်မလဲ၊ ငါဒီလိုလုပ်ရင် သူများတွေ ဘယ်လိုထင်မလဲ စသဖြင့် အကုန်လိုက်ဂရုစိုက်နေရင်တော့ ကိုယ့်စိတ်နဲ့ကိုယ်နေရမှာ မဟုတ်ပါဘူး။ ဒါကြောင့် သူများရဲ့ အထင်အမြင်တွေကို လိုက်ဂရုစိုက်မနေပါနဲ့။
လူတွေသတ်မှတ်နေကြတဲ့ Beauty Standard
အခုခေတ်မှာ လူတွေက Beauty Standard ကို သူတို့သတ်မှတ်ချင်သလို သတ်မှတ်နေကြတာပါ။ အသားဖြူမှလှတယ်၊ အရပ်ရှည်မှလှတယ်၊ ပိန်မှလှတယ်၊ နောက်ဆုံးပေါ်တွေ ကိုယ်နိုင်သုံးနိုင်မှ ခေတ်မှီတယ်ဆိုတာတွေကို လိုက်ဂရုစိုက်မနေပါနဲ့။ ကိုယ့်အားနည်းချက်တွေကို တွေးပြီးလည်း စိတ်ဓာတ်ကျစရာမလိုပါဘူး။ ကိုယ့်အလှနဲ့ကိုယ်ရှိပြီးသားမို့ ဘာမှဂရုမစိုက်ပါနဲ့။