ဝိတ်တက်လာမှာကို စိုးရိမ်နေတဲ့သူတွေနဲ့ ဝိတ်မတက်ချင်တဲ့သူတွေအတွက် လိုက်နာဖို့လိုတဲ့ အဓိကအချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ

ရေများများသောက်ပေးခြင်းက ကိုယ်ရည်စစ်ပြီး အသားအရေလှစေပါတယ်။ ဝိတ်မတက်လာအောင် တားဆီးပေးရုံတင်မဟုတ်ပဲ ဝိတ်လည်းကျစေတဲ့အတွက် ဝိတ်မတက်ချင်ဘူး၊ ဝိတ်ချချင်တယ်ဆိုရင် ပထမအဆင့်အနေနဲ့ ရေကိုပဲများများသောက်ပေးပါ။

အသီးအရွက်၊ အသီးအနှံများများစားပါ

ဝိတ်မတက်ချင်ရင်တော့ ထမင်းစားတိုင်းမှာ အသီးအရွက်တစ်မျိုးကို အမြဲထည့်စားပေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း နေ့တိုင်းစားပေးပါ။ အဆီအစိမ့်တွေ၊ သရေစာတွေအစား အသီးအရွက်၊ အသီးအနှံတွေကိုသာ များများစားပေးရင် မလိုအပ်တဲ့အဆီတွေ တက်မလာအောင်၊ ဝိတ်တက်မလာအောင် ကူညီပေးပါတယ်။

အဆီအစိမ့်တွေရှောင်ပါ

ဝိတ်မတက်ချင်ရင်၊ မဝချင်ရင်တော့ အဆီအစိမ့်တွေကို ရှောင်ရပါမယ်။ တော်တော်များများက အားလူးကြော်ဆိုရင် အရမ်းကြိုက်ကြပါတယ်။ အာလူးကြော်ဟာ ဝိတ်တက်စေရုံသာမပဲ ဝက်ခြံနဲ့ အဆီဖုတွေလည်း ထွက်စေပါတယ်။ ဒါကြောင့် ဝိတ်မတက်ချင်ရင် အဆီအစိမ့်ပါတဲ့ အစားအစာတွေနဲ့ ဆီကြော်မုန့်တွေကို ရှောင်ပါ။

ညဘက်စားတာကိုဆင်ခြင်ပါ

ဝိတ်မတက်ချင်ဘူးဆိုရင်တော့ ညနေ ၆ နာရီမတိုင်ခင်မှာ ထမင်းစားပါ။ ၆ နာရီနောက်ပိုင်းက ဝိတ်တက်လွယ်တာကြောင့် မစားတာ ပိုကောင်းပါတယ်။ ဗိုက်ဆာလို့ တစ်ခုခုစားချင်ရင်တောင် အသီးအနှံတွေကိုသာ စားပေးပါ။

အထိုင်မများပါနဲ့

အထိုင်များနေရင် ဘယ်လောက်ပဲ ပိန်တဲ့သူဖြစ်နေပါစေ ဗိုက်ခေါက်တွေ၊ ခါးအဆီတွေ ထွက်လာစေပါတယ်။ ဝတဲ့သူဆိုလည်း ဝိတ်ပိုတက်စေပါတယ်။ အဓိကကတော့ လှုပ်ရှားမှုနည်းတဲ့အတွက် အဆီတွေစုပြီး ဝိတ်ပိုတက်စေပါတယ်။ ဒါကြောင့် အထိုင်မများပါနဲ့။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ဝိတ်မတက်ချင်ဘူးဆိုရင်တော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး body ထိန်းလို့ရသလို ပိုပြီးလည်း လှလာစေပါတယ်။ အချိန်မရှိလို့ မလုပ်နိုင်ရင်တောင်မှ မနက်တိုင်း ထပြေးတာမျိုး (သို့) ကြိုးခုန်တာမျိုးတော့ လုပ်ပေးပါ။