လတစ်လရဲ့ အစက ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါ့အပြင် လအသစ်က အရင်လမပြီးခဲ့တဲ့အလုပ်ကြွေးတွေ ဖျက်ရမယ့် အချိန်ပါပဲ။ သင်က အရင်ကထက် ပိုပျော်ရွှင်ချင်ရင်တော့ သင့်ဘဝကို အစီအစဉ်တကျ ရေးဆွဲတတ်ဖို့ လိုပါတယ်။ ဒီလိုရေးဆွဲတာကို လအစကတည်းက လုပ်သင့်ပါတယ်။ ဒီတော့ အရင်ကထက် ပိုပျော်ရွှင်လာဖို့ လတစ်လအစမှာ ပြုလုပ်သင့်တာတွေကို ကြည့်လိုက်ရအောင်နော်-

၁။ လအစမှာ ရည်မှန်းချက်ချပါ

Photo Source: Infinity

လူတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ Short Term Goal တွေရှိတတ်ပါတယ်။ လုပ်မယ်တွေးထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်တာတွေ ရှိပါတယ်။ ဒီလမှာတော့ ဘာတွေလုပ်မယ်၊ ဘယ်နေ့မှာ ဘာဖြစ်ရမယ်ဆိုတဲ့ရည်မှန်းချက်တွေကို လအစတည်းက စဉ်းစားသတ်မှတ်သင့်ပါတယ်။

၂။ Self Care Schedule ဆွဲပါ

Photo Source: Everyday-Health

တစ်လအတွင်းမှာ သင်ဘယ်လို အပန်းဖြေမလဲ၊ ဘယ်လို ကိုယ့်ကိုကိုယ် ဂရုစိုက်မလဲ စတာတွေကို သတ်မှတ်သင့်ပါတယ်။ ဇာတ်လမ်းကြည့်တာကြိုက်တဲ့သူက ဘယ်နေ့မှာ ဘာကြည့်မယ်၊ ဘယ်နေ့မှာ ကိုယ့်ကိုကိုယ် အချိန်ပေးမယ် စသဖြင့် ကြိုစဉ်းစားထားသင့်ပါတယ်။

၃။ ပညာသစ် သင်ယူပါ

Photo Source: InfoDepot

လတစ်လဆီက အသစ်အသစ်တွေ သင်ယူဖို့ အခွင့်အရေးပါပဲ။ ဒီလအတွက် ဘယ်ဟာလေ့လာမလဲ တွေးထားသင့်ပါတယ်။ သင့်ဘဝတိုးတက်ဖို့ ဒါမှမဟုတ် သင့်ရဲ့ Personal Branding အတွက် အတက်ပညာတစ်ခုခုကို လေ့လာသင့်ပါတယ်။

၄။ အရင်လကို ပြန်သုံးသပ်ပါ

Photo Source: Pinterest

အရင်လမှာ သင်အကျိုးရှိတာတွေ လုပ်ခဲ့လား၊ သင့်ရည်မှန်းချက်တွေ ဖြစ်ခဲ့လား စတာတွေကို သုံးသပ်သင့်ပါတယ်။ လတစ်လရဲ့ အစမှာ သုံးသပ်လိုက်တဲ့အခါ ဒီလမှာ အရင်လက အမှားမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ရာရောက်ပါတယ်။ သင့်လုပ်ငန်းတွေ ပိုပြီးတာနဲ့အမျှ ပိုပျော်ရွှင်လာပါလိမ့်မယ်။

၅။ မလိုတာတွေကို ရှင်းပါ

Photo Source: TODAYonline

အရင်လက အဟောင်းတွေကို ဒီလမှာ ရှင်းပေးသင့်ပါတယ်။ Computer က File တွေရှင်းတာ၊ ဖုန်းထဲက မလိုတာတွေ ဖျက်တာ၊ အခန်းထဲက မလိုတော့တာတွေကို ရှင်းလင်းတာတွေက သင့်စိတ်ကို ကြည်လင်စေပါတယ်။

၆။ ငွေအသုံးစရိတ်ကို သတ်မှတ်ပါ

Photo Source: The Simple Dollar

ဒီလမှာ ငွေဘယ်လောက်စုမယ်၊ ငွေဘယ်လောက်သုံးမယ်စတာတွေကို သတ်မှတ်သင့်ပါတယ်။ မလိုတာတွေကို မသုံးမိဖို့ ကိုယ့်ကိုကိုယ် သတိပေးသင့်ပါတယ်။ ဒီလိုဆိုရင်တော့ သင်က လကုန်တဲ့အထိ ငွေရေးကြေးရေးအတွက် မပူရဘဲ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါလိမ့်မယ်။

By MyStyle Myanmar