ဘဝမှာ စိတ်ညစ်စရာတွေနည်းပြီး များများပျော်ရွှင်နိုင်ဖို့အတွက်က ကိုယ်နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုအတွက် သူများဆီကနေ မျှော်လင့်မနေပဲ ကိုယ်တိုင်ရှာဖွေပါ၊ ကိုယ်တိုင်လုပ်ယူပါ။ လူတိုင်းကတော့ ပျော်ရွှင်ချင်ကြတာချည်းပါပဲ။ ဘဝမှာ စိတ်ညစ်စရာနည်းပြီး များများပျော်ရွှင်နိုင်ဖို့အတွက် ဒီအရာ ၆ ခုတော့ လိုအပ်ပါတယ်။

များများပြုံးရယ်နိုင်အောင်ကြိုးစားပါ

ဘာတွေပဲဖြစ်ဖြစ် အတွေးမများပဲ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး များများပြုံးရယ်နိုင်အောင် ကြိုးစားပါ။ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေက တွေးလေ ပိုဆိုးလေပါပဲ။ ဒါကြောင့် မြန်မြန်မေ့ပစ်နိုင်အောင် ကြိုးစားပြီး များများပြုံးရယ်နေလိုက်ပါ။

ကျန်းမာအောင်နေပါ

ငွေကြေးပြည့်စုံနေလည်း၊ အရာရာအဆင်ပြေနေလည်း ကျန်းမာရေးမကောင်းရင် အပြည့်အဝမပျော်ရွှင်ရပါဘူး။ ဒါကြောင့် ကျန်းမာအောင်နေပါ။ အစားအသောက်ကို သေချာဂရုစိုက်ပြီး စားသောက်ပါ။

နှိုင်းယှဉ်တာမျိုးမလုပ်ပါနဲ့

အရာရာကိုလိုက်နှိုင်းယှဉ်နေရင် ကိုယ်ပဲစိတ်ဓာတ်ကျပြီး စိတ်ညစ်ရပါမယ်။ ဒါကြောင့် ကိုယ့်ဖြစ်တည်မှုကို လက်ခံပါ။ ပိုတိုးတက်ချင်ရင် ပိုကြိုးစားပါ။ ကိုယ့်ကိုယ်ကို Appreciate လုပ်ပါ။ ကိုယ့်ကိုယ်ကို တခြားသူနဲ့ လိုက်နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျတာမျိုး မဖြစ်ပါနဲ့။

ကိုယ့်ကိုယ်ကိုချစ်ပါ

ကိုယ့်ကိုယ်ကိုချစ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ ကိုယ်ပျော်ရွှင်မယ့်အရာ၊ စိတ်ချမ်းသာမယ့်အရာတွေကို လုပ်ဆောင်ပါ။

Toxic ဖြစ်စေတဲ့သူတွေနဲ့ဝေးဝေးနေပါ

Toxic ဖြစ်စေတဲ့သူတွေနဲ့နေရင် ပိုပြီးစိတ်ညစ်ရတယ်၊ ပိုပြီးစိတ်ဓာတ်ကျရပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေနည်းပြီး စိတ်ချမ်းသာပျော်ရွှင်ချင်ရင် Toxic people တွေနဲ့ ဝေးဝေးနေပါ။

Overthinking မဖြစ်ပါနဲ့

မဖြစ်သေးတဲ့အရာတွေကို ကြိုတွေးပြီးကြောက်နေတာ၊ စိုးရိမ်နေတာမျိုး မဖြစ်ပါနဲ့။ ဖြစ်လာမယ့်အရာတွေကို အကောင်းဆုံးရင်ဆိုင်ဖို့ပဲ ကြိုပြင်ဆင်ပါ။ အတွေးတွေများပြီးတော့လည်း Overthinking မဖြစ်ပါနဲ့။ အရာရာအဆင်ပြေသွားမှာမို့ Overthinking ဖြစ်ပြီး ကြိုတွေးပြီး ကြောက်နေရင်၊ စိုးရိမ်ပူပန်နေရင် ဘယ်တော့မှ အပြည့်အဝပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။