သင်က ဆံပင်ညှပ်ဖို့ စဉ်းစားထားတယ်ဆိုရင် ဒီအကြောင်းအရာကို အရင်ဖတ်ကြည့်ပြီးမှ ညှပ်သင့်ပါတယ်။ ဆံပင်တိုညှပ်ဖို့ Encourage အားပေးတဲ့ ပို့စ်တွေကို သင် Social Media ပေါ်မှာ မြင်ဖူးမှာပါ။

ဒါ့အပြင် ဆံပင်တို ညှပ်လိုက်မှ ပိုလှသွားတဲ့ နာမည်ကျော် Celebs တွေကိုလည်း သင် တွေ့နေရမှာပါ။ ကဲ..သူတို့ကို လိုက်ကြည့်ပြီး အားကျကာ သင်က ဆံပင်တို ညှပ်ချင်တာပဲ ဖြစ်ဖြစ်၊ သင့်ပုံစံကို ပြောင်းလဲ ချင်လို့ ဆံပင်တို ညှပ်ချင်တာပဲ ဖြစ်ဖြစ် အဓိက အကြောင်းအရင်းကတော့ ပိုလှသွားချင်လို့ပါ။

ဒါကြောင့် တကယ်ကော လှသွားမလား ဆိုတာက ညှပ်ပြီးမှ သိမှာမို့ မညှပ်ခင် နောင်တ မရဖို့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပါရစေ။

၁။ ဆံပင်ရှည်ဖို့ ကြာပါတယ်

ဆံပင်တို ညှပ်ပြီးမှ “Miss My Long Hair” ဆိုပြီး ပုံတင်တတ်တဲ့ ကောင်မလေးတွေကို သင်မြင်ဖူးမှာပါ။ ဆံပင်ဆိုတာက ပြန်ရှည်ဖို့ အချိန်ပေးရပါတယ်။ အတိုညှပ်ပြီး ခဏတဖြုတ် လှကာ ကြားထဲမှာ မလိုက်တော့မှန်း သိလိုက်ရမှ အကြာကြီးခံရမှာ သင်ပါပဲ။

၂။ ကိုယ့် မျက်နှာ Shape ကို သိအောင် လုပ်ပါ

ဆံပင်အတိုက ကိုးရီးယား မင်းသမီး အများစုနဲ့ လိုက်ဖက်တာကို သင်သတိထားမိမှာပါ။ သူတို့ရဲ့ မျက်နှာကျက များသောအားဖြင့် ဘဲဥပုံစံ Oval Shape ရှိတတ်ပါတယ်။ ဆံပင်ပုံစံမျိုးစုံနဲ့ လိုက်ဖက်တဲ့ ဆုလာဒ်ကို ပိုင်ဆိုင်ထားသူတွေက Oval Shape Face ပိုင်ရှင်တွေပါ။

သင်က Oval Face Shape ပိုင်ဆိုင်ရင်တော့ ကံကောင်းပါတယ်။ ဒါပေမဲ့ တခြား မျက်နှာကျပုံစံဆိုရင်တော့ ဆံပင်တို မညှပ်ခင် အရင်လေ့လာသင့်ပါတယ်။

၃။ သင့်ခန္ဓာကိုယ် အချိုးအစားကိုကြည့်ပါ

ဆံပင်ဆိုတာမျိုးက ထူရင်ထူသလို၊ ရှည်ရင် ရှည်သလို ခန္ဓာကိုယ် အပေါ် သက်ရောက်မှု ရှိပါတယ်။ ခန္ဓာကိုယ် ပြည့်တဲ့ မိန်းကလေးတွေအနေနဲ့ အပေါ် ဆံပင်ကို အတို အရှင်းထားမယ်ဆိုရင် ခန္ဓာကိုယ်ကို ပိုအာရုံစိုက်မိစေသလို ဖြစ်စေပါတယ်။ ကိုယ့်ခန္ဓာကိုယ် ပြည့်လား၊ ပိန်လား စသဖြင့် အရင် စဉ်းစားသင့်ပါတယ်။

၄။ ကိုယ့်ဆံပင် အမျိုးအစားကို ကြည့်ပါ

ပုံလုံးဝ သွင်းလို့ မရတဲ့ ဆံပင်ပုံစံတွေ၊ အရှည် ဘယ်လိုမှ ထားလို့ မရတဲ့ ဆံပင်ပုံစံတွေ ရှိပါတယ်။ သင့်ဆံပင်က ပုံသွင်းဖို့ ခက်ရင် ပုံခဏခဏ သွင်းရတဲ့ ဆံပင်တို ပုံစံမျိုး မညှပ်သင့်ပါဘူး။

၅။ ကိုယ့် Lifestyle

မိန်းကလေးတွေရဲ့ ဘဝနေထိုင်မှုပုံစံက တစ်ယောက်နဲ့ တစ်ယောက် မတူတာကြောင့် ဆံပင်အတိုကလည်း တစ်ယောက်နဲ့ အဆင်ပြေပေမယ့် နောက်တစ်ယောက်နဲ့ ပြေချင်မှ ပြေမှာပါ။ သင်က ဆံပင်အတွက် အချိန်ပေးနိုင်သူဆိုရင် ပုံသွင်းရတဲ့ ဆံပင်တိုက လိုက်ဖက်ပြီး အလုပ်များတတ်သူဆိုရင်တော့ ဆံပင်တိုပုံသွင်းရတာတွေက အဆင်မပြေပါဘူး။

၆။ ကိုယ်တကယ် ကြိုက်ရဲ့လား

အပေါ်ကအချက်တွေကြောင့် ဆံပင်တို လုံးဝ မညှပ်ရဘူးလို့ မဆိုလိုပါဘူး။ သင့်ဆံပင်ကို သင်နှစ်သက်သလို လုပ်နိုင်ပါတယ်။ အရေးကြီးတာက သူများလှလို့ လိုက်ညှပ်တာ မဟုတ်ဘဲ ကိုယ်တကယ်ကြိုက်တဲ့ စတိုင်ဖြစ်နေဖို့ပဲ လိုအပ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar