ယနေ့ခေတ်မှာ ပျိုမေတိုင်းလိုလို အလုပ်များကြပါတယ်။ ခေါင်းလျှော်ဖို့ အချိန်မပေးနိုင်တဲ့ နေ့တွေလည်းရှိကြပါတယ်။ တချို့ဆို ခေါင်းလျှော်တာ အတွက် အချိန်တော်တော်ပေးရပါတယ်။ ဒါပေမဲ့ အချိန်လုံးဝမရတော့တဲ့အခါ Dry Shampoo က အသုံးဝင်လာပါပြီ။ Dry Shampoo က ခေါင်းကို ဖြန်းပေးလိုက်ရုံနဲ့ သင့်ဆံပင်က ခေါင်းလျှော်ထားသလို လန်းဆန်းသွားမှာပါ။

ခရီးသွားတဲ့အချိန် အလုပ်များတဲ့အချိန်တွေမှာ Dry Shampoo က သင့်အတွက် မိတ်ဆွေကောင်းပါပဲ။ ဒီတော့ Dry Shampoo က ဘယ်လိုမျိုးလဲ။ ဘယ်အချိန်သုံးရမှာလဲ။ ဘယ်လိုသုံးရမှာလဲ။ ကိုယ့်ဘာကိုယ် Dry Shampoo လုပ်နိုင်လား။ ဒီအချက်တွေကို သိဖို့လိုလာပါပြီ။ အောက်က (၆) ချက်ကို ဖတ်လိုက်ရင်တော့ ပျိုမေတို့ရဲ့ မေးခွန်းအားလုံးကို ဖြေပြီးသားဖြစ်သွားမှာပါ။

၁။ Dry Shampoo ဆိုတာဘာလဲ

Dry Shampoo ဆိုတာကတော့ ရေမလိုဘဲ သင့်ဆံသားကို သန့်ရှင်းသွားစေမယ့်အရာပါ။ Dry Shampoo မှာပါဝင်တဲ့အဓိက ပစ္စည်းကတော့ ပြောင်းဖူးကစီ ဒါမှမဟုတ် ဆန်ကရတဲ့ ကစီဓာတ်ပါ။ အခုနောက်ပိုင်း Dry Shampoo တွေက ဖြန်းဘူးပုံစံလာပါတယ်။ ပန်းနံ့၊ သစ်ဥသစ်ဖုနံ့ မျိုးစုံရှိပါတယ်။ အမှုန့်ပုံစံလာတဲ့ Dry Shampoo လည်းရှိပါတယ်။ အမှုန့်အတွက်က ခေါင်းပေါ်လိမ်းပြီး လက်နဲ့ ဒါမှမဟုတ် ခေါင်းဖြီးနဲ့ ဖြီးချရမှာပါ။

၂။ Dry Shampoo ကိုဘယ်လိုသုံးရမလဲ

Dry Shampoo ကို ဆံပင်စေးကပ်ကပ်ဖြစ်တာအတွက် သုံးနိုင်ပြီး ဆံပင်အုံထူသွားဖို့လည်း သုံးနိုင်ပါတယ်။ ဖြန်းဆေးပုံစံနဲ့ သုံးရင်တော့ သင့်ဆံကြောင်းနှစ်ဘက်ကို ခွဲပေးရပါမယ်။ ပြီးတာနဲ့ သင့်ဆံပင်ကနေ အကွာအဝေး ၃၀ ကနေ ၄၀ စင်တီမီတာကနေ ဖြန်ပေးရပါမယ်။ အကွာအဝေးမှန်မှန်ကန်ကန်ဖြန်းပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ဖြန်းပြီးနောက် သင့်ဆံသားပေါ်မှာ ခြောက်သွားဖို့ အချိန်ယူရလို့ပါ။ ဘူးနဲ့နီးကပ်ပြီး ဖြန်းရင်တော့ သင်လိုချင်တဲ့ပုံစံမျိုးရလာမှာမဟုတ်ပါဘူး။ ပေါင်ဒါမှုန့် ပုံစံဆိုရင်တော့ ဆံပင်ပေါ်လိမ်းပြီး နှိပ်နယ်ပေးရပါမယ်။ အမှုန့်အပိုတွေကို ခါချဖို့ ခေါင်းဖြီးပေးရပါမယ်။

၃။ Dry Shampoo ကိုဘယ်အချိန်သုံးရမှာလဲ

ဒီ ရှန်ပူကို အခြေအနေအမျိုးမျိုးမှာသုံးနိုင်ပါတယ်။ ခေါင်းလျေျာ်ဖို့ ပျင်းတဲ့နေ့တွေမှာ သုံးနိုင်ပါတယ်။ ညအိပ်ရာမဝင်ခင် Dry Shampoo ကိုကြိုဖြန်းပေးတာကလည်း အလေ့အကျင့်ကောင်းတစ်ခုပါ။ မနက်မိုးလင်းတဲ့အချိန် ဆံပင်သားထူထူထဲထဲနဲ့ကြည့်ကောင်းနေမှာပါ။ ခေါင်းလျှော်ပြီးသားဆံပင်မှာလည်း ဆံပင်ပုံစံပိုကြည့်ကောင်းသွားဖို့ သုံးနိုင်ပါတယ်။ ဆံပင်စည်းတဲ့အချိန်မှာလည်း စည်းရလွယ်ဖို့ သုံးနိုင်ပါတယ်။ ဆံပင်ရေစိုနေတဲ့အချိန်မှာလည်း ဆံပင်ပုံသွင်းတဲ့အရည်အနေနဲ့ သုံးနိုင်ပါသေးတယ်။

၄။ Dry Shampoo က ဘယ်လိုထိရောက်တာလဲ

Dry Shampoo က သင့်ဆံသားထဲကို အဆီပုံစံနဲ့ စိမ့်ဝင်သွားတာပါ။ ဒါကြောင့် သင့်ဆံပင်က သန့်ရှင်းပြီး စေးကပ်ခြင်းမရှိတော့တာပါ။ ဒါပေမဲ့ သိထားရမှာတစ်ခုကတော့ Dry Shampoo ရဲ့အဆီတွေက ဆံပင်ပေါ်မှာကျန်ခဲ့တာမို့ ထင်သလောက်တော့ သန့်ရှင်းနေမှာမဟုတ်ပါဘူး။

၅။ Dry Shampoo ကို နေ့တိုင်းသုံးလို့ရလား

Dry Shampoo ကို ကိုယ်ဆန္ဒရှိတဲ့အတိုင်း သုံးလို့ရပါတယ်။ ဒါပေမဲ့ သာမန်ရှန်ပူနဲ့မတူတာကြောင့် ခေါင်းပေါ်မှာ အမှုန်လေးတွေစုနေတတ်ပါတယ်။ Dry Shampoo ဆိုတဲ့အတိုင်း ခေါင်းပေါ်မှာခြောက်ပြီး ကျန်ခဲ့မှာပါ။ တကယ်လို့ သင့်ဆံသားကခြောက်သွေ့တတ်တဲ့အထဲပါရင်တော့ နေ့တိုင်းမသုံးသင့်ပါဘူး။

၆။ ကိုယ့်အိမ်မှာပဲ Dry Shampoo ပြုလုပ်နည်း

ဒီအတွက် လိုအပ်တာက Baby Powder ပါပဲ။ ဒါပေမဲ့ Baby Powder မှာ Talc ပါဝင်တာကြောင့် အနံ့မရှူသင့်ပါဘူး။

Source: Herbeauty.co

By MyStyle Myanmar