ကိုယ်တွဲခဲ့တဲ့ရည်းစားနဲ့ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာ ဘာပဲဖြစ်နေပါစေ ဒီအရာ ၆ ခုကိုတော့ လုံးဝမလုပ်ပါနဲ့။

Social media မှာလိုက်မကြည့်ပါနဲ့

လမ်းခွဲပြီးတဲ့အခါမှာလည်း မမေ့နိုင်ရင်၊ ချစ်နေသေးရင် သူ့အကောင့်ထဲတွေဝင်ကြည့်တာမျိုး၊ ပုံတွေ၊ တင်ထားတာတွေ တစ်ခုချင်းလိုက်ကြည့်ပြီး comment တွေပါလိုက်ဖတ်တာမျိုးတွေ လုပ်နေမယ်ဆိုရင် ကိုယ်ပဲပိုစိတ်ထိခိုက်ပြီး နာကျင်ရပါတယ်။ မေ့ပစ်ဖို့လည်း ပိုခက်သွားပါလိမ့်မယ်။ ဒါကြောင့် လမ်းခွဲပြီးရင် social media မှာ block ထားလိုက်တာ အကောင်းဆုံးပါပဲ။

သူငယ်ချင်းတွေကိုသူ့အကြောင်းမမေးပါနဲ့

မမေ့နိုင်သေးလို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် လမ်းခွဲပြီးပြီဆိုရင် ကိုယ်နဲ့မသက်ဆိုင်တော့ပါဘူး။ အဲ့အတွက် သူ့အကြောင်းတွေကို မေ့ပစ်ရမယ့်အချိန်မှာ သူငယ်ချင်းတွေကို သူ့အကြောင်းလိုက်မေးနေတာမျိုးတွေ မလုပ်ပါနဲ့။ သူ့ဘက်ကပြန်သိရင်လည်း ကိုယ့်မာနထိခိုက်ပါတယ်။

သူ့ရည်းစားအသစ်နဲ့ကိုယ့်ကိုယ်ကိုမနှိုင်းယှဉ်ပါနဲ့

သူ့ရည်းစားအသစ်တွေကိုလိုက်ကြည့်ပြီး သူတို့နဲ့ ကိုယ့်ကိုယ်ကို လိုက်နှိုင်းယှဉ်နေတာမျိုး ဘယ်တော့မှမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ။ သူများနဲ့လိုက်နှိုင်းယှဉ်ပြီး ခေါင်းထဲထည့်စဉ်းစားနေစရာကို မလိုပါဘူး။

ကိုယ့်ကိုယ်ကိုဂရုမစိုက်ပဲမနေပါနဲ့

ရည်းစားနဲ့ပြတ်ပြီး နာကျင်ခံစားနေရလို့ ထမင်းမစားတာမျိုး၊ ဘာမှမလုပ်နိုင်ပဲ အိပ်ယာထဲလဲပြီး၊ အခန်းအောင်းပြီး ငိုနေတာမျိုးတွေ မလုပ်ပါနဲ့။ ဒီတစ်ယောက်နဲ့ပြတ်သွားလည်း တစ်ယောက်ထဲ တောက်ပနေလို့ရပါတယ်။ ကိုယ့်ကိုယ်ကိုသာ ဒီထက်ပိုဂရုစိုက်ပြီး လှပနေအောင်နေပါ။

မစဉ်းစားမဆင်ခြင်ပဲ RS အသစ်မတည်ဆောက်ပါနဲ့

ရည်းစားနဲ့ပြတ်သွားလို့ စိတ်ညစ်ညစ်နဲ့ တွေ့တဲ့သူကောက်တွဲလိုက်တာမျိုး မဖြစ်ပါစေနဲ့။ စိတ်ပြေလက်ပျောက် chat တာမျိုးက ဘာမှမဖြစ်ပေမယ့် ချက်ချင်းကြီး မစဉ်းစားမဆင်ခြင်ပဲ RS အသစ်မတည်ဆောက်သင့်ပါဘူး။

ပြန်တွယ်ကပ်နေတာမျိုးမလုပ်ပါနဲ့

ကိုယ်နဲ့မတွဲချင်တော့လို့ လမ်းခွဲသွားတဲ့သူကို ပြန်တွယ်ကပ်နေတာမျိုး မလုပ်ပါနဲ့။ မာနထိခိုက်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်က မပြတ်နိုင်ဘူးဆိုတာကိုသိသွားရင် ရန်ဖြစ်တိုင်းမှာလည်း ဒါနဲ့ပဲ ခြိမ်းခြောက်ခံနေရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လမ်းခွဲပြီးပြီဆိုရင် မေ့ပစ်ရမှာ ကိုယ့်တာဝန်ပါပဲ။