Depression ဝင်လာတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဆင်မပြေမှုတွေ ကြုံတွေ့ရတာများလာရင် ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ Depression ဝင်လာအောင် ကိုယ်တိုင်ပဲ လုပ်မိနေတာပါ။ ဒါကြောင့် မှားနေတာတွေရှိရင် အချိန်မှီပြင်ဆင်လို့ရဖို့အတွက် Depression ဝင်လာအောင် ကိုယ်တိုင်မှားယွင်းစွာနဲ့ လုပ်မိနေတဲ့အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။

အတွေးလွန်ခြင်း

Depression ဘယ်ကစလဲဆိုရင်တော့ အများစုက အတွေးလွန်ရာကနေ စတာပါပဲ။ ဘာမှမလုပ်ရသေးဘူး လျှောက်တွေးပြီး အတွေးလွန်နေတာနဲ့ပဲ စိတ်ဓာတ်ကျလာတယ်၊ တစ်ခုခုဖြစ်ရင်လည်း အဆင်ပြေအောင် လုပ်မယ်ဆိုပြီး မတွေးပဲနဲ့ အတွေးတွေလွန်နေတော့ Depression ပိုဝင်လာတော့တာပေါ့။

အဆိုးဘက်ကိုပဲစဉ်းစားခြင်း

အဆင်မပြေတာတွေ ကြုံတွေ့ရတိုင်းမှာ အဆိုဘက်ကို အရမ်းတွေးလွန်းတာ၊ တစ်ခုခုဆိုလည်း စပြီးစဉ်းစားကတည်းက အကောင်းဘက်ကို ဦးတည်တာမျိုးမရှိပဲ အဆိုးဘက်ကိုပဲ စဉ်းစားနေတာတွေက ကိုယ့်ကိုယ်ကို စိတ်ဒုက္ခပေးနေတာပါပဲ။ အဲ့ဒါကြောင့်ပဲ Depression ဝင်လာမှာပါ။

သူများပြောတိုင်းခံစားနေခြင်း

သူများပြောတိုင်း လိုက်ခံစားပြီး အားငယ်တာ၊ ဝမ်းနည်းတာတွေ ဖြစ်လွယ်တဲ့သူက သူများထက်ပိုပြီးတော့ကို Depression ဝင်ဖို့လွယ်ပါတယ်။ အဲ့လိုလူတွေပဲ Depression ဝင်ကြတာများပါတယ်။ ဒါကြောင့် သူများပြောတိုင်း မခံစားပါနဲ့။ ကိုယ့်ခံယူချက်နဲ့ကိုယ်နေပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိရင်လည်း အပေါ်မှာပြောခဲ့သလိုပဲ သူများပြောသမျှ လိုက်ခံစားပြီး အားငယ်လာမယ်၊ Depression ဝင်လာပါမယ်။ ကိုယ့်ကိုယ်သာ ယုံကြည်မှုရှိနေရင် ဘယ်သူဘာပြောပြော၊ ဘယ်အခြေအနေရောက်ရောက် စိတ်ဓာတ်သန်မာနေမှာပါ။

ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်နေခြင်း

ကိုယ့်ဖြစ်တည်မှုကိုမကျေနပ်ပဲ ကိုယ့်ထက်သာနေတဲ့သူတွေနဲ့ လိုက်နှိုင်းယှဉ်နေရင် ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုသိမ်ငယ်လာမယ်၊ ဝမ်းနည်းလာမယ်၊ အလိုမကျတွေများလာပြီး အတွေးတွေလွန်လာမယ်၊ နောက်ဆုံးမှာတော့ Depression ဝင်လာတာပါပဲ။

စိတ်ညစ်စရာတွေကိုမွေးထားခြင်း

စိတ်ညစ်စရာရှိရင် မြန်မြန်ပျောက်အောင် လုပ်ရမှာပါ။ အဲ့လိုမဟုတ်ပဲ စိတ်ညစ်စရာတစ်ခုရှိတာနဲ့ ဒါကြီးကိုပဲတွေးပြီး စိတ်ညစ်နေတာ၊ ပူပင်သောကတွေများနေတာက ကြာလာရင် စိတ်ညစ်စရာတွေများလာတဲ့အခါ ချက်ချင်းကို စိတ်ဓာတ်ကျသွားပါလိမ့်မယ်။ Depression ဝင်ဖို့လည်း အရမ်းလွယ်ကူသွားပါလိမ့်မယ်။