အမျိုးသမီးတစ်ယောက်ရဲ့ အောင်မြင်မှုမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပါဝင်နေပါတယ်။ မှန်ကြည့်လိုက်တဲ့အချိန် သင့်ကိုယ်သင် ဘယ်လိုမြင်လဲ။ အမှန်တကယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေကတော့ မှန်ကြည့်တဲ့အချိန်တိုင်း ဒီအရာတွေကို မြင်တတ်ကြပါတယ်။

၁။ အားနည်းချက်တွေကို လှပမှုလို့မြင်တယ်


ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့အမျိုးသမီးတွေက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို မြင်ပါတယ်။ ဒီအားနည်းချက်တွေကို ဝန်ခံဖို့ ချပြဖို့ ဝန်မလေးကြပါဘူး။ အရှိကို အရှိအတိုင်းမြင်တတ်ကြပြီး ပိုင်ဆိုင်ထားတဲ့အရာတွေကို လက်ဆောင်တစ်ခုအဖြစ် တွေးတတ်ကြပါတယ်။

၂။ သူတို့ရဲ့ ခွန်အားတွေကိုမြင်တယ်


ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ကြိုးစားမှု နဲ့ အခက်အခဲတွေဖြတ်ကျော်နိုင်ခဲ့တာကို တွေးပြီး ဂုဏ်ယူတတ်ကြပါတယ်။ တခြားလူတွေချီးကျူးတာကိုလိုချင်ပါတယ်။ ဒါပေမဲ့ လူတွေအထင်ကြီးဖို့အတွက်ပဲ လူတွေကျေနပ်ဖို့အတွက်ပဲ အတင်းကြီး မကြိုးစားတတ်ပါဘူး။

၃။ အကြောက်တရားကို လက်ခံတယ်


သူတို့ ကြောက်တဲ့အရာတွေ အားနည်းတဲ့အရာတွေကို လက်ခံပါတယ်။

၄။ သူတို့ရဲ့ရွေးချယ်မှုကို လက်ခံတယ်


သူတို့ ရွေးချယ်လိုက်တဲ့အရာရဲ့ ကောင်းကျိုးရော ဆိုးကျိုးကိုပါ လက်ခံတတ်ကြပါတယ်။ တကယ်လို့ ရွေးချယ်မှုမှားယွင်းခဲ့ရင်တောင် အခြားလူကို အပြစ်မတင်တတ်ပါဘူး။ သူတို့ရဲ့ ပျော်ရွှင်မှုက အခြားလူတွေအပေါ် မှီခိုခြင်းမရှိပါဘူး။ သူတို့ပျော်ရွှင်မှုက သူတို့လက်ထဲမှာ ရှိတယ်လို့ နားလည်ထားသူတွေဖြစ်ပါတယ်။

၅။ ကိုယ့်တန်ဖိုး ကိုယ်သိတယ်


ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက ရှင်းလင်းတိကျတဲ့ ရည်မှန်းချက်တွေနဲ့ နေထိုင်ပါတယ်။ ငါလုပ်နိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့ နေထိုင်တတ်ကြပါတယ်။

၆။ ကိုယ့်ကိုကိုယ် ဖိအားမပေးဘူး


လူတိုင်းက အမှားနဲ့မကင်းဘူးဆိုတဲ့အချက်ကို လက်ခံထားကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက သူတို့အရှက်ကွဲခဲ့တဲ့အရာတွေကို အရှုံးပေးလက်ခံပါတယ်။ မှားခဲ့တဲ့အရာတွေကို ပြုံးပြုံးလေးရင်ဆိုင်ပြီး ဒီအရာတွေကနေ သင်ခန်းစာယူကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar