တစ်ခါတစ်လေကျရင် အနားမှာဘယ်သူပဲရှိရှိ အထီးကျန်သလို ခံစားရနေတတ်ပါတယ်။ ဒီလိုအထီးကျန်သလို ခံစားရရင် ဝမ်းနည်းအားငယ်နေမယ့်အစား ဒီအရာ ၆ ခုကို အစားထိုးပြီး လုပ်ကြည့်လိုက်ပါ။ စိတ်သက်သာရာရပြီး အဆင်ပြေသွားပါလိမ့်မယ်။

စာဖတ်ပါ

တစ်ယောက်ထဲအထီးကျန်ပြီး ဝမ်းနည်းသလို ခံစားနေရရင် စာဖတ်ပါ။ စာဖတ်လိုက်တာက ကိုယ့်အတွက်လည်း အကျိုးရှိသလို စိတ်ခံစားချက်တွေလည်း ပိုကောင်းလာစေပါတယ်။ စိတ်တည်ငြိမ်လာစေပါတယ်။

ရုပ်ရှင်ကြည့်ပါ

အထီးကျန်တယ်လို့ခံစားနေရရင် ဘယ်မှမသွားပဲ မုန့်တွေဝယ်ပြီး အိမ်မှာရုပ်ရှင်သာ ထိုင်ကြည့်လိုက်ပါ။ ဝမ်းနည်းစိတ်ပါဝင်နေတယ်ဆိုရင် ဟာသကားတွေ ထိုင်ကြည့်နေလိုက်ပါ။ အထီးကျန်တယ်လို့ တွေးနေဖို့အတွက် အချိန်တောင်ရှိမှာမဟုတ်ပါဘူး။

ယောဂကျင့်ပါ

တစ်ယောက်ထဲအထီးကျန်ပြီး ဝမ်းနည်းအားငယ်စိတ်တွေ ဖြစ်နေရင် ယောဂ class တွေတက်ပြီး ယောဂကျင့်ကြည့်ပါ။ စိတ်ရောကိုယ်ပါ အများကြီး တိုးတက်ပြောင်းလဲလာပါလိမ့်မယ်။ စိတ်ကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်ကျန်းမာရေးအတွက်ရော အကျိုးရှိစေပါတယ်။

မိသားစုနဲ့မုန့်ထွက်စားပါ

အနားမှာဘယ်သူမှမရှိသလို ခံစားရပြီး အထီးကျန်လာရင် ကိုယ့်မှာ မိသားစုရှိတာကို မမေ့ပါနဲ့။ ကိုယ့်မိသားစုတွေနဲ့ ပျော်ပျော်ပါးပါး မုန့်ထွက်စားလိုက်ပါ။

မိသားစုနဲ့ခရီးသွားပါ

မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အပန်းဖြေခရီးသွားလိုက်ပါ။ ကိုယ့်အနားမှာ ဘယ်သူ့မှမရှိလည်း မိသားစုရှိတယ်ဆိုတဲ့ အတွေးမျိုး ရသွားပါလိမ့်မယ်။

ခွေးမွေးပါ

အထီးကျန်တဲ့စိတ်မျိုးဝင်တတ်ရင် ခွေးမွေးပါ။ ခွေးထက်ကြောင်ပိုချစ်တယ်ဆိုရင် ကြောင်မွေးထားပါ။ သူတို့လေးတွေရှိနေရင် အထီးကျန်တာမျိုးလည်း မဖြစ်တော့ပဲ စိတ်ပျော်ရွှင်မှုတောင် ရအုံးမှာပါ။