အပေါင်းအသင်းမရှိလို့ တစ်ယောက်ထဲဖြစ်နေသလို ခံစားနေရတဲ့အခါမှာ အားငယ်ပြီး အထီးကျန်နေမယ့်အစား၊ စိတ်ဓာတ်ကျနေမယ့်အစား ဒီအရာ ၆ ခုကိုသာ ချက်ချင်းလုပ်ကြည့်လိုက်ပါ။ အရာရာအဆင်ပြေပြီး ခံစားချက်တွေ ပေါ့ပါးသွားပါလိမ့်မယ်။

ကိုယ်ချစ်တဲ့အကောင်လေးတွေမွေးကြည့်ပါ

ကိုယ်ချစ်တဲ့အကောင်လေးတွေ၊ ခွေးလေးတွေ၊ ကြောင်လေးတွေမွေးပြီး သူတို့နဲ့အချိန်ကုန်၊ သူတို့အပေါ်မှာ ချစ်ပေးတာက စိတ်ချမ်းသာရပါတယ်။ သူတို့လေးတွေကြောင့် အရမ်းအဖော်ရပြီး စိတ်ပျော်ရွှင်ရပါတယ်။ အပေါင်းအသင်းမရှိလည်း သူတို့လေးတွေရှိရင်ကို စိတ်ချမ်းသာနေရသလို ခံစားမှုမျိုးရစေပါတယ်။

မိသားစုကိုအချိန်ပိုပေးပါ

အပေါင်းအသင်းမရှိလည်း မိသားစုရှိတာကြောင့် အားမငယ်ပါနဲ့။ ကိုယ့်မိသားစုကို အချိန်ပိုပေးပြီး မိသားစုနဲ့သာ ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးလိုက်ပါ။ မိသားစုနဲ့ အပြင်သွားတာ၊ မုန့်လျှောက်စားတာ၊ ရုပ်ရှင်ကြည့်တာ၊ ခရီးထွက်တာ အားလုံးလုပ်လို့ရပါတယ်။

Volunteer လုပ်ကြည့်ပါ

Volunteer လုပ်ရင် အသိတွေပိုပေါများလာပြီး ကိုယ်လုပ်တဲ့လုပ်ရက်တိုင်းအတွက် စိတ်ချမ်းသာရမယ်၊ စိတ်ကျေနပ် ပိတိဖြစ်ရပါမယ်။ ကိုယ့်အတွက်လည်း ကုသိုလ်ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

ကိုယ့်ရဲ့တစ်နေ့တာ plan ထဲမှာ လေ့ကျင့်ခန်းလုပ်တာကို ထည့်လိုက်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ရင် ခန္ဓာကိုယ်လှပပြီး ကျန်းမာလာမယ့်အပြင် စိတ်ဖိစီးမှုတွေလည်း လျော့ကျပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလာပါလိမ့်မယ်။

ကိုယ်နှစ်သက်တဲ့အရာတွေကိုလုပ်ပါ

ကိုယ်နှစ်သက်တဲ့အရာတွေကို ရွေးချယ်ပြီး focus ထားကာ သေချာစိတ်နှစ်ပြီး လုပ်ကြည့်ပါ။ ကိုယ်နှစ်သက်တာတွေကို လုပ်ရင်းနဲ့ အချိန်ကုန်သွားရင် အဖော်မလိုပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ် နေပျော်နေမှာပါပဲ။

Social media လျှော့သုံးပါ

Social media အရမ်းသုံးတာဟာ စိတ်ဖိစီးမှုပိုရပါတယ်။ Social media ပေါ်ကဟာတွေကြည့်ပြီး ပိုစိတ်ဓာတ်ကျ၊ ပိုအားငယ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် social media ကိုလျှော့သုံးပြီး တကယ့်လက်တွေ့ဘဝအတွက် အကျိုးရှိမယ့်အရာတွေကိုသာ များများလုပ်ပြီး တိုးတက်အောင်၊ ပျော်ရွှင်အောင်နေပါ။