အားလုံးပဲ မင်္ဂလာပါ။ ကိုယ်သတိမရသင့်တဲ့ သူတစ်ယောက်ကို သတိရမိနေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သင့် Crush အကြောင်းကို မတွေးရမနေနိုင်ဖြစ်နေတယ်ဆိုရင်လည်း ဒီအကြောင်းအရာကိုသင်ဖတ်သင့်ပါတယ်။ သူ့ကို သတိမရ မနေနိုင်ဖြစ်တဲ့အချိန် ဒါတွေကို လုပ်ကြည့်ပါနော်။

၁။ ကိုယ့်ကိုကိုယ် အာရုံပြောင်းပါ


သူ့အကြောင်းမတွေးမိအောင် သင့်ကိုယ်သင် အာရုံပြောင်းရမှာပါ။ စာအုပ်ဖတ်လို့ရပါတယ်။ သီချင်းဆိုလို့ရပါတယ်။ ကိုယ်လုပ်ချင်တာတစ်ခုခုကို လုပ်ကြည့်ပါ။

၂။ သူငယ်ချင်းတွေကို အားကိုးပါ


သင့််အခင်ဆုံးသူငယ်ချင်းတွေနဲ့ စကားပြောပါ။ Shopping ထွက်ပါ။ တစ်နေရာရာ လျှောက်လည်ပါ။ ဒီလိုလုပ်လိုက်တာက သူ့ကိုတွေးမိဖို့ အချိန်မရှိဖြစ်စေပါတယ်။

၃။ ဝါသနာပါရာတစ်ခုခုလုပ်ပါ


ပန်းချီဆွဲတာဝါသနာပါလား။ ကတာ ဝါသနာပါလား။ Handmade လေးတွေလုပ်ရတာ သဘောကျလား။ ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခုကို စိတ်နှစ်ပြီးလုပ်ကြည့်ပါ။

၄။ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ပါ


သင့်မှာလည်း သင်လုပ်စရာရှိပါတယ်။ သင့်အနာဂတ်ရှိပါသေးတယ်။ဒီတော့သူ့အကြောင်းမတွေးနဲ့လို့ ပြောတာက လွယ်ပါတယ်။ လက်တွေ့လုပ်ဖို့က ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ ကြိုးစားရမှာပါပဲ။

၅။ သင်တို့နှစ်ယောက်ကြားက အမှတ်တရတွေကို ပြန်မတွေးပါနဲ့


သင်က အားနေတဲ့အချိန် သူနဲ့ ပြောခဲ့တာတွေ၊ အီစီကလီရိုက်ခဲ့တာတွေကို မစဉ်းစားသင့်ပါဘူး။ အတွေးယာဉ်ကြောက တဖြည်းဖြည်း ရှည်မြော သွားပါလိမ့်မယ်။

၆။ မိသားစုကို အချိန်ပေးပါ


ကိုယ့်မောင်နှမတွေ၊ မိဘတွေကို အချိန်ပေးကြည့်ပါ။ ကိုယ်အရင်က မလုပ်ပေးဖြစ်တာတွေ သူတို့အတွက်လုပ်ပေးပါ။ သင်သူ့အကြောင်း မတွေးမိဘဲ စိတ်ချမ်းသာနေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar