ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေဖြစ်ရင် ဆံပင်တွေကျွတ်ပြီး ဆံသားနဲ့ဦးရေပြား နာလာပါမယ်။ ဆံပင်ကျွတ်တော့ တစ်ဖြေးဖြေးနဲ့ ဆံပင်တွေပါးလာပါမယ်။ ဒါကြောင့် ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေ မဖြစ်အောင်လို့ လုပ်ပေးရမယ့်အရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေဖြစ်တဲ့သူကလည်း ဒီအရာတွေကို လုပ်ပေးရင် ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေ သက်သာလာပါမယ်။ မဖြစ်သေးတဲ့သူတွေဆိုလည်း ကြိုတင်ကာကွယ်ပြီးသား ဖြစ်တာပေါ့။

Hair Oil အမြဲလိမ်းပါ

ဆံသားခြောက်သွေ့နေရင် ဆံပင်ဖွာပြီး ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေ ပိုဖြစ်စေပါတယ်။ ဒီလိုမဖြစ်ရအောင် ဆံပင်ကို အဆီဓာတ်ဖြည့်ပေးဖို့လိုပါတယ်။ ဒါကြောင့် Hair Oil သုံးပေးပါ။

Hair Mask သုံးပါ

ခေါင်းလျှော်ရည်တစ်မျိုးတည်းမသုံးပဲ ခေါင်းလျှော်ပြီးတိုင်း Conditioner သုံးတာမျိုး၊ တစ်ပတ်တစ်ခါ၊ နှစ်ခါလောက် Hair Mask သုံးပေးတာမျိုး လုပ်ပေးမယ်ဆိုရင် ဆံသားပျက်စီးတာတွေ သက်သာပြီး ဆံသားနူးညံ့ပျော့ပြောင်းလာပါမယ်။ ဒီတော့ ဆံပင်ငြိတာ၊ ရှုပ်ထွေးတာတွေလည်း မဖြစ်တော့ဘူးပေါ့။

ရေနွေးနဲ့ခေါင်းမလျှော်ပါနဲ့

ရေနွေးနဲ့ခေါင်းလျှော်ရည် ဆံပင်ကြမ်းပြီး ရှုပ်ထွေးစေတဲ့အတွက် ဆံပင်လည်း ဖြီးတိုင်းမှာ ငြိလွယ်ပါတယ်။ ဒါကြောင့် ရေနွေးနဲ့ ခေါင်းမလျှော်ပါနဲ့။

ဘီးကြဲနဲ့ဖြီးပါ

ဆံပင်ငြိတာ၊ ရှုပ်ထွေးတာမျိုးတွေ မဖြစ်ရလေအောင် ဘီးကြဲပဲသုံးပေးပါ။ ဘီးကြဲနဲ့ ဖြေးဖြေးချင်းစီ သေချာရှင်းပြီး ဖြီးပေးပါ။

Hair Hot Tools တွေလျှော့သုံးပါ

Hair Hot Tools သုံးရင် ဆံသားခြောက်ပြီး ဖွာတာ၊ ပျက်စီးတာတွေ ဖြစ်စေပါတယ်။ ဆံသားခြောက်ပြီးဖွာရင် ဆံပင်ငြိတာ၊ ရှုပ်တာတွေက ဖြစ်လာတာပါပဲ။ ဒါကြောင့် Hair Tools တွေလျှော့သုံးပါ။

ဆံပင်ဖားလျားချပြီးမအိပ်ပါနဲ့

အိပ်တဲ့အခါမှာ ဆံပင်ဖားလျားချပြီးအိပ်ရင် မနက်ရောက်တဲ့အခါ ဆံပင်တွေရှုပ်ပြီး ရှင်းရခက်တော့ ငြိတာ၊ ကျွတ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဆံပင်ကို ကျစ်ဆံမြီးဖွဖွလေးကျစ်ပြီး အိပ်ပါ။