သင်က ခေါင်းစဉ်ကို မြင်တော့ အံ့သြသွားလောက်ပါတယ်။ ကျွန်မတို့အများစုသိထားတာက ငိုတတ်တဲ့သူတွေက စိတ်ပျော့တတ်သူတွေဆိုပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုခုကြောင့် ငိုတတ်သူတွေဟာ စိတ်ဓာတ်မာကြောသူတွေဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်လဲ အကြောင်းအရင်းကို သိချင်ရင်တော့ ဆက်ဖတ်ပေးပါနော်-

၁။ မျက်ရည်က လက်လွှတ်တတ်အောင်သင်ပေးတယ်


ငိုပြီးတဲ့နောက် နေလို့ကောင်းသွားတတ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းက နှေးသွားလို့ပါ။ အစာချေစနစ် ပြန်စတင်ပြီး အနားရသွားပါတယ်။ မငိုတဲ့အချိန်ဆိုရင် ခံစားချက်တွေက ကိုယ်တွင်းမှာ ပိတ်ဆို့နေတတ်ပါတယ်။ ခံစားချက်တွေကို ထွက်ပေါက်မပေးလိုက်ရင် ရှေ့ဆက်နိုင်မှာမဟုတ်ပါဘူး။ ငိုတဲ့အချိန်မှာတော့ ခံစားချက်အားလုံးပွင့်ထွက်ကုန်ပြီး ပိုသက်သာသွားတတ်ပါတယ်။

၂။ မျက်ရည်မှာ ကျန်းမာရေးကောင်းကျိုးရှိတယ်

ငိုတဲ့အခါ စိတ်ဖိစီးမှုဟော်မုန်းလျော့ကျပါတယ်။ ခုခံစနစ် တိုးတက်စေပါတယ်။ မျက်ရည်မှာ အနားယူပြီး သက်သာသွားစေတဲ့ ဟော်မုန်းဓာတ်တွေပါဝင်ပါတယ်။

၃။ မျက်ရည်က စိတ်ဖိစီးမှုသက်သာစေတယ်

ငိုလိုက်တဲ့အချိန် စိတ်ဖိစီးမှုလျော့ကျစေပါတယ်။ စိတ်ဓာတ်မာကြောတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲစေပါတယ်။


၄။ မျက်ရည်က စိတ်ဓာတ်ကျတာကိုသက်သာစေတယ်

ငိုတယ်ဆိုတာ စိတ်ပျော့ညံ့လွန်းတာမဟုတ်ပါဘူး။ ငိုခြင်းက စိတ်အတက်အကျကို ထိန်းညှိပေးနိုင်ပါတယ်။ ငိုတာက ရှက်စရာမဟုတ်ပါဘူး။ သင်က သင့်စိတ်ခံစားချက်တွေကို ပြန်အစီအစဉ်ချပေးနေတာပါ။

၅။ မျက်ရည်က ဆုံးရှုံးမှုကို သက်သာစေတယ်


တစ်ခုခုကို ဆုံးရှုံးလိုက်တဲ့အချိန် ငိုချလိုက်ပါ။ သူငယ်ချင်းတစ်ယောက်ယောက်ကို ဖက်ငိုလိုက်ပါ။ ပြီးခဲ့တာတွေကို မေ့ပစ်ပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်ကြည့်ပါ။

၆။ ငိုတာက စိတ်ရှုပ်ထွေးတာကို သက်သာစေတယ်

တစ်ခါတလေ ဘာမှမဖြစ်ဘဲနဲ့ကို ငိုချင်နေတတ်ပါတယ်။ ငိုပြီး စိတ်အပြောင်းအလဲလုပ်လိုက်တဲ့အခါ အတွေးအသစ်တွေ ရလာနိုင်ပါတယ်။

ဒါကြောင့် စိတ်ညစ်လာတဲ့အချိန် စိတ်ဓာတ်ကျလာတဲ့အချိန် စိတ်တင်းခံပြီး မငိုအောင် မကြိုးစားသင့်ပါဘူး။ စိတ်ကို လွှတ်ချပြီး ငိုပစ်လိုက်ပါ။

Photo Source: Pinterest

By MyStyle Myanmar