အလှကြိုက်တဲ့သူတိုင်းအတွက် လာမယ့်နှစ်သစ်ကစပြီး ဂရုတစိုက်နဲ့ စတင်ပြောင်းလဲလိုက်သင့်တဲ့ အရာ 6 ခုကို ပြောပြပေးလိုက်ပါတယ်။

Healthy Hair

မိန်းကလေးတစ်ယောက်အတွက် ဆံကေသာအလှကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ပျက်စီးနေတဲ့ဆံသားတွေကို Healthy Hair ဖြစ်လာအောင် ဂရုစိုက်ပြီး ပြောင်းလဲရပါမယ်။ Hair Oil သေချာသုံးပေးတာမျိုး၊ Conditioner ကောင်းကောင်းသုံးတာမျိုး၊ ဆံပင်ပေါင်းတင်တာမျိုးတွေ လုပ်ပေးပါ။

Clear Skin

အလှကြိုက်တယ်ဆိုရင် ကိုယ့်ရဲ့ Skin ကိုလည်း သေချာဂရုစိုက်ရပါမယ်။ မိန်းကလေးတိုင်းက Clear Skin လေးလိုချင်တာဆိုတော့ နှစ်သစ်ကစပြီး ရအောင် Try ကြည့်နော်။ Skincare သေချာလိမ်းပြီး ရေများများသောက်ပါ။ အသီးအရွက်၊ အသီးအနှံများများစားပါ။

Healthy Teeth

အလှကြိုက်တယ်ဆိုပြီး သွားကိုပစ်ထားလို့ မရပါဘူး။ ရယ်လိုက်တိုင်း သွားတွေဝါနေပြီး ခံတွင်းနံ့နံနေရင် အဆင်မပြေပါဘူး။ ဒါကြောင့် သွားဖြူပြီး ကျန်းမာအောင်၊ ခံတွင်းနံ့မနံအောင် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ Oil Pulling လုပ်တာမျိုး၊ ရေများများသောက်တာမျိုး လုပ်ပေးပါ။ သွားဆေးခန်း ပုံမှန်သွားဖို့လည်း မပျင်းပါနဲ့။

Healthy Nails

အလှအပအတွက်ဆိုရင် လက်သည်းလေးတွေကလည်း မပါမဖြစ်ပါပဲ။ လက်သည်းအရှည်ထားတဲ့သူဆိုရင်လည်း လက်သည်းအရှည်မြန်ပြီး သန်မာအောင်၊ လက်သည်းအရှည်မထားတဲ့သူဆိုလည်း လက်သည်းလေးတွေ ဖြူပြီးသန့်နေအောင် Nail Care လုပ်ပေးသင့်ပါတယ်။ လက်သည်းကို ပုံမှန်ညှပ်ပေးတာမျိုး၊ အုန်းဆီနဲ့ Massage လုပ်ပြီး လိမ်းပေးတာမျိုး၊ ပုံမှန် Cleansing လုပ်ပေးတာမျိုးတွေ စလုပ်ကြည့်ပါ။

Healthy Lips

နှုတ်ခမ်းက ခြောက်သွေ့ပြီး ကွဲနေတာမျိုး၊ ညိုနေတာမျိုးတွေ ဖြစ်နေရင်လည်း မလှပါဘူး။ ဒီတော့ Healthy Lips လေးရအောင် နှုတ်ခမ်းကို တစ်ပတ် 1 ကြိမ် 2 ကြိမ် ပုံမှန် Scrub တိုက်ပေးတာမျိုး၊ Lip Balm နေ့တိုင်းလိမ်းတာမျိုးတွေ လုပ်ပေးရပါမယ်။

Smell Good

အရာရာပြည့်စုံနေပြီး အနံ့အသက်မကောင်းရင်လည်း အဆင်မပြေပါဘူး။ ဒီတော့ အနံ့အသက်ကောင်းအောင် Lotion သေချာလိမ်းပါ။ ဂျိုင်းချွေးထွက်တတ်တဲ့သူဆိုရင် Deodorant သုံးပါ။ ရေမွှေးအနံ့ကောင်းကောင်းလေး သုံးပေးပါ။