မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ကျန်းမာရေး၊ အလှအပရေးရာနဲ့ တခြားသောအရာတွေအတွက် နေ့စဉ်ပြုလုပ်ပေးရမယ့်အရာတွေ ရှိပါတယ်။ ဒါပေမယ့် အပျင်းကြီးတဲ့မိန်းကလေး တချို့ကကျတော့ နေ့စဉ်ပြုလုပ်ပေးရမယ့်အရာတွေထဲက တချို့အရာတွေကို မလုပ်ပဲထားတတ်ကြပါတယ်။ ဒီလိုပျင်းနေမယ်ဆိုရင်တော့ ကိုယ့်အတွက်ပဲ ထိခိုက်မှာပါ။ ဒါကြောင့် ဘာတွေလုပ်ပေးသင့်လဲဆိုတာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ရေများများသောက်ပါ

မိုးလင်းအိပ်ယာနိုးတဲ့အချိန်ကနေစပြီး ညအိပ်ယာဝင်တဲ့အချိန်ထိ ရေကိုသောက်ပေးရပါတယ်။ ရေကိုများများသောက်ပေးလေ ကျန်းမာပြီး အသားအရေလှလေပါပဲ။

တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ပါ

မျက်နှာကို တစ်နေ့ ၂ ကြိမ် မျက်နှာသစ်ဆေးနဲ့ သေချာသစ်ပေးပါ။ တစ်ခါတစ်လေကျရင် ညအိမ်ပြန်ရောက်တာနောက်ကျလို့၊ အိပ်ချင်လို့ဆိုပြီး မျက်နှာမသစ်ပဲ ဒီတိုင်းထားလိုက်တာတွေ ရှိပါတယ်။ ဒီလိုလုပ်တာက ကိုယ့်ရဲ့မျက်နှာအသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။

တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ

ပိုးမွှားကင်းစင်ဖို့နဲ့ ကျန်းမာတဲ့သွားတွေကို ပိုင်ဆိုင်စေဖို့ သွားကို တစ်နေ့ ၂ ကြိမ် ပုံမှန်တိုက်ပေးရပါမယ်။ တစ်နေ့တစ်ကြိမ်ပဲ တိုက်မယ်ဆိုရင်တော့ ခံတွင်းနံ့နံတာတွေနဲ့ သွားကိုက်၊ သွားနာ၊ သွားဝါတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။

Workout ပုံမှန်လုပ်ပါ

ကျန်းမာလှပစေဖို့အတွက် နေ့တိုင်း workout ပုံမှန်လုပ်သင့်ပါတယ်။ အဆီကျချင်တဲ့သူတွေဆိုရင် ပိုတောင်လုပ်ပေးသင့်ပါတယ်။ ပိန်တဲ့သူတွေအနေနဲ့ကလည်း ခန္ဓာကိုယ်ကျန်းမာ၊ အချိုးအစား ပိုလှဖို့အတွက် လုပ်ပေးသင့်ပါတယ်။

Skincare လုပ်ဖို့မပျင်းပါနဲ့

လှချင်ရင်တော့ skincare လုပ်ဖို့မပျင်းပါနဲ့။ အများကြီးအစုံမလိမ်းရင်တောင်မှ cleansing သေချာလုပ်ပြီး toner, moisturizer, eye cream, sunscreen ကိုတော့ မဖြစ်မနေ သုံးပေးပါ။

ကိုယ့်အခန်းကိုသန့်ရှင်းအောင်ထားပါ

ကိုယ်နေတဲ့အခန်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးပါ။ တစ်ခန်းလုံးကို လိုက်ရှင်းနေစရာမလိုပါဘူး။ အခန်းကို သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ထားမယ်ဆိုရင် စိတ်ကြည်လင်ပြီး ညဘက်တွေလည်း ကောင်းကောင်းအိပ်ပျော်ပါမယ်။ အခန်းမသန့်ရင် ဝက်ခြံထွက်တာ၊ အသားအရေ ယားယံတာတွေလည်း ဖြစ်တတ်ပါတယ်။