လူမုန်းများလို့ ကိုယ့်အတွက်ကောင်းတာလည်း မရှိတဲ့အတွက် လူမုန်းများအောင် မနေသင့်ပါဘူး။ ဒါပေမယ့်လည်း တစ်ခါတစ်လေ ကိုယ်လုပ်မိလိုက်တဲ့အရာတွေ၊ ကိုယ်ပြောလိုက်မိတာတွေက လူမုန်းများစေမယ့်အရာတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုလူမုန်းမများစေဖို့ ရှောင်ကြဉ်သင့်တဲ့အချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။

ဒေါသကြီးပြီးရန်လိုနေခြင်း

တစ်ခုခုဆိုရင် ဒေါသတွေမထိန်းနိုင်ပဲ အရမ်းပေါက်ကွဲပြတာ၊ ဒေါသအရမ်းကြီးတာ၊ တစ်ချိန်လုံးရန်လိုပြီး လူတကာနဲ့မတည့်၊ လူတကာနဲ့ ထစ်ခနဲရှိ ရန်ဖြစ်နေရင်လည်း လူမုန်းများတာပဲ အဖတ်တင်ပါတယ်။

မောက်မာခြင်း၊ အထက်စီးကဆက်ဆံခြင်း

လူတကာအပေါ် မောက်မာပြီး အထက်စီးကနေ ဆက်ဆံရင် လူမုန်းအရမ်းများပါတယ်။ လူတိုင်းအမြင်ကပ်တဲ့ အချက်တစ်ခုပါပဲ။ ဒါမျိုး ကိုယ်တိုင်အလုပ်ခံရရင်လည်း လုံးဝကြိုက်မှာမဟုတ်ပါဘူး။

စကားကိုကြမ်းတမ်းစွာပြောဆိုခြင်း

စကားကို ကြမ်းတမ်းစွာပြောဆိုရင် သေချာပေါက် လူအမြင်ကပ်ပါတယ်။ မပြောသင့်တာ၊ ပြောသင့်တာတွေကို မစဉ်းစားပဲ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုလိုက်တာတွေကြောင့် လူမုန်းခံရနိုင်ပါတယ်။

အမြဲဆူပုပ်နေခြင်း

တစ်ချိန်လုံးကြီး ဆူပုပ်နေပြီး မျက်နှာကြောတင်းရင်ကျတော့ လူမုန်းများတာထက် အမြင်ကပ်တဲ့သူ၊ ကြည့်မရတဲ့သူ ပိုပေါပါတယ်။

သူများမကောင်းကြောင်းအရမ်းပြောခြင်း

သူများမကောင်းကြောင်း တစ်လုံးပြောဆိုနေရင် ကြာလာရင် သူများအမြင်ကပ်ပါတယ်။ အရာရာကို မကောင်းတဲ့ဘက်ကတွေးပြီး လူတွေကို လိုက်ပုတ်ခတ် ပြောဆိုနေရင် လူမုန်းများလာပါလိမ့်မယ်။

နေရာတကာဝင်ပါခြင်း

ကိုယ့်ကိစ္စမဟုတ်ပဲ နေရာတကာဝင်ပါတာက ကိုယ့်အတွက် မကောင်းပါဘူး။ ကိုယ့်ကိစ္စလည်းမဟုတ်ပဲ နေရာတကာ အမုန်းခံဝင်ပြောပေးရင် ကိုယ်ပဲလူမုန်းခံရတာပါ။ ဒါကြောင့် ကိုယ်နဲ့မဆိုင်ရင် ဝင်မပါတာ အကောင်းဆုံးပါပဲ။