လူတိုင်း အမြဲတမ်း ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ ပျော်ရွှင်မှုဆီကို သွားတဲ့ လမ်းကြောင်းတွေအများအပြားရှိပါတယ်။ ကျွန်ုပ်တို့ ပြုလုပ်တဲ့အမူအရာတိုင်းက ပျော်ရွှင်မှုအနှစ်သာရဆီကိုပဲ ဦးတည်နေကြပါတယ်။ တချို့လူတွေကို မြင်ဖူးမှာပါ။ ဘဝမှာ ဘယ်လောက်ပဲ အခက်အခဲများပါစေ ပြုံးပြုံးလေးနဲ့ ရင်ဆိုင်သူတွေကိုပါ။ ဘဝကို ပျော်ပျော်ရွှင်ရွှင်ရှေ့ဆက်သူတွေက အရွယ်တင်ကြပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုပဲဖြစ်ချင်မှာပါ။ ဒီတော့ ဘဝမှာ ပျော်ပျော်နေတတ်သူတွေရဲ့ အလေ့အကျင့် တွေကို သိထားနိုင်ဖို့ ပြောပြပေးပါရစေ။

၁။ ကျေးဇူးတင်တယ်

သင့်ဆီမှာ လက်ရှိပိုင်ဆိုင်ထားတဲ့အရာကို တန်ဖိုးမထားတတ်ရင် ဘယ်တော့မှ ပျော်နိုင်မှာမဟုတ်ပါဘူး။ လူအများစုရဲ့ ပျော်ရွှင်မှုသော့ချက်က ငွေများများဝင်ဖို့ ၊ မိတ်ဆွေများများရဖို့၊ ပစ္စည်းဥစ္စာတွေ အများအပြားပိုင်ဆိုင်ဖို့ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ လက်ရှိရထားတဲ့အရာတွေကို ပထမဆုံး တန်ဖိုးထားပြီး ကျေးဇူးတင်ပေးပါ။ ဒီလိုဆိုရင် သင့်ဘဝထဲက အကောင်းတွေကို ဆွဲထုတ်တတ်လာပါလိမ့်မယ်။

၂။ ရေများများသောက်ပါ

သင့်ခန္ဓာကိုယ်ရဲဲ့ သုံးပုံနှစ်ပုံကို ရေနဲ့ဖွဲ့စည်းထားတာပါ။ ဒါကြောင့် ရေဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ရေသောက်နည်းတာက ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့အပြင် မောပန်းတာ၊ စိတ်ဖိစီးတာစတဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်နိုင်ပါတယ်။

၃။ အနားယူပါ

သင်ဘယ်လောက်ပဲ ကြိုးစားပါစေ စင်းလုံးချောပြည့်စုံတဲ့အဆင့်ထိ မရောက်နိုင်ပါဘူး။ ပြီးပြည့်စုံတယ်ဆိုတာက အိပ်မက်တစ်ခုမဖြစ်သင့်ပါဘူး။ အလုပ်လုပ်ချိန်မှာ လုပ်ပြီး အနားယူချိန်လည်းထားပေးပါ။ သင်အကောင်းဆုံးကြိုးစားနေပါတယ်။

၄။ များများအိပ်ပါ

အိပ်ရေးမဝတာက ဦးနှောက်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အိပ်ရေးပျက်တဲ့အချိန် စိတ်ဂနာမငြိမ်တာတွေ၊ စိတ်ဓာတ်ကျတာတွေဖြစ်နိုင်ပါတယ်။ အိပ်ရေးဝအောင်အိပ်ပေးတာက သင့်ကို စိတ်ချမ်းသာစေပြီး ပိုပျော်ရွှင်စေပါတယ်။

၅။ အတွေ့အကြုံများများရှာပါ

အတွေ့အကြုံများများယူတာက မမေ့နိုင်တဲ့အမှတ်တရတွေကို ဖန်တီးပေးပါတယ်။ အသစ်အသစ်တွေ လုပ်ပြီး အတွေ့အကြုံသစ်တွေကို ဖန်တီးတာက ပျော်ရွှင်တဲ့သူတွေရဲ့ အလေ့အကျင့်ပါပဲ။

၆။ နည်းပညာတွေနဲ့ထိတွေ့မှုကနေ အနားယူပါ

ကျွနု်ပ်တို့အများစုဟာ တစ်ချိန်လုံး လက်နဲ့ဖုန်းကို ကော်နဲ့ကပ်ထားသလို အမြဲကပ်နေတတ်ပါတယ်။ ဖုန်းကိုပဲကြည့်ပြီး အပြင်လောကနဲ့ အဆက်အသွယ်ပြတ်နေတတ်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ လောက် ဖုန်းမကြည့်ဘဲ ပုံမှန်နေပေးပါ။ သင့်ဘဝအတွက် အကျိုးရှိတဲ့အရာတစ်ခုကို အစားထိုးလုပ်ပေးပါ။

ဒါတွေကတော့ ပျော်ပျော်နေတတ်တဲ့သူတွေရဲ့ နေ့စဉ်အပြုအမူတွေပဲဖြစ်ပါတယ်။ သင့်အနေနဲ့ကော ဘဝမှာ ပျော်ရွှင်အောင် ဘယ်လိုနေတတ်လဲ အားလုံးနဲ့ ဝေမျှခဲ့ပါဦးနော်။

Source: Herbeauty.co

By MyStyle Myanmar