နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် Lifestyle ကို ပြောင်းလဲလိုက်သင့်ပါတယ်။ အထူးသဖြင့် လူတိုင်း ဒီအရာ ၆ ခုကို ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ပြုလုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း

သူများလို Gym သွားဆော့တာ၊ Workout သေချာလုပ်တာမျိုးတွေကို မလုပ်နိုင်ရင်တောင်မှ မနက်စောစော သာမာန်လေ့ကျင့်ခန်း လုပ်တာမျိုး၊ ယောဂကျင့်တာမျိုး၊ အသက်ရှူလေ့ကျင့်ခန်း လုပ်တာမျိုးတွေကိုတော့ ပုံမှန်လုပ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက စိတ်ကြည်လင်ပြီး ထိုင်းမှိုင်းနေတာတွေ သက်သာစေပါတယ်။ ခန္ဓာကိုယ်လည်း ပေါ့ပါးလန်းဆန်းစေတယ်။ ကျန်းမာစေပါတယ်။

ကျန်းမာတဲ့အစားအသောက်

ကျန်းမာမှ စိတ်ချမ်းသာမယ်၊ နေလို့ကောင်းပါမယ်။ အားရှိပြီး ကျန်းမာနေမှလည်း ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်နိုင်မှာပါ။ ဒီတော့ အစားအသောက်ကိုလည်း သေချာဂရုစိုက်ပြီး စားသောက်ပါ။ ကျန်းမာတဲ့အစားအသောက်တွေကို စားသောက်ပါ။

အိပ်ရေးဝအောင်အိပ်ဖို့

လူတစ်ယောက်အတွက် အိပ်စက်ခြင်းကလည်း အရမ်းကိုအရေးကြီးပါတယ်။ အိပ်ရေးဝအောင်အိပ်ဖို့ လိုပါတယ်။ အိပ်ရေးပျက်တာတွေများရင် ကျန်းမာရေးထိခိုက်ပြီး စိတ်ရောကိုယ်ပါ ပင်ပန်းစေပါတယ်။

ဖုန်းလျှော့သုံးပါ

ဖုန်းသုံးတာအရမ်းများနေရင်လည်း ကျန်းမာရေးထိခိုက်တာ၊ နုံးချိတာတွေ ဖြစ်စေပါတယ်။ ဒီတော့ ဖုန်းလျှော့သုံးပါ။ ဖုန်းသုံးမယ့်အချိန်ကိုလျှော့ပြီး တခြား Activities တွေကို အစားထိုးလုပ်ကြည့်ပါ။

စိတ်ပျော်အောင်နေပါ

ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်ထားပြီး စိတ်ပျော်အောင်နေထိုင်ပါ။ ဒါက အရမ်းအရေးကြီးပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပျော်အောင်နေတတ်တဲ့သူက သူများထက်ပိုပြီး စိတ်ချမ်းသာရပါတယ်။ စိတ်လွတ်လပ် ပေါ့ပါးစေပါတယ်။

ပင်ပန်းစေတဲ့အရာတွေကိုလွှတ်ချပါ

ပင်ပန်းစေတဲ့အရာတွေကို ပိုက်ထားပြီး ထိုင်တွေးနေမယ်၊ စိတ်ညစ်နေမယ်၊ ဒါတွေပဲတွေးပြီး Overthinking ဖြစ်နေမယ်ဆိုရင် စိတ်ချမ်းသာပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ကိုပင်ပန်းစေတဲ့အရာတွေ အားလုံးကို လွှတ်ချပါ။