နေရာမရွေး အချိန်မရွေး ဖက်ရှင်ကျတဲ့ မိန်းကလေးတစ်ယောက်ဟာ အလုပ်သွားတာဘဲဖြစ်ဖြစ် ၊ ကျောင်းသွားတာဘဲဖြစ်ဖြစ် အမြဲတမ်းအပြင်သွားနေရပြီဆိုရင် ဒီပစ္စည်းလေးတွေက အိတ်ထဲမှာ မဖြစ်မနေ ရှိသင့်တဲ့အရာတွေပါ ။ မိန်းကလေးတွေရဲ့အိတ်ထဲမှာ ဆောင်ထားသင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲဆိုတာ အတူကြည့်လိုက်ရအောင် –

Lip Balm

နှုတ်ခမ်းကွဲတာ ခြောက်တာတွေကနေကာကွယ်ဖို့ နှုတ်ခမ်းသားကို အစိုဓာတ်ပေးဖို့လိုပါတယ်။ နေ့လည်စာစားပြီးချိန်တွေ ဒါမှမဟုတ် နှုတ်ခမ်းခြောက်တဲ့အချိန်တွေမှာဆိုးဖို့ မဖြစ်မနေဆောင်ထားသင့်ပါတယ်။

Power Bank

အခုလိုခေတ်မှာ Phone က မရှိမဖြစ်လောက်ကို အရေးပါလာတာမလို့ အပြင်သွားရင်း သုံးရင်း အားကုန်သွားတာမလို့မဖြစ်အောင် ဆောင်ထားသင့်ပါတယ်။

Key

အလုပ်နောက်ကျနေလို့ လောလောနဲ့ သော့မေ့ပြီး တံခါးပိတ်မိလိုက်တာမျိုး ကြုံဖူးလား ? အိတ်ထဲမှာ သော့အပိုဆောင်ထားတာက သော့ဖျက်ရတဲ့ဒုက္ခကနေ ကင်းဝေးစေပါတယ်။

Healthy Snacks

မနက်စာ ဗိုက်ပြည့်အောင် စားဖို့ အချိန်မလောက်တဲ့နေ့တွေရှိဖူးလား ? အိတ်ထဲမှာ မုန့်တစ်မျိုးမျိုးကို အမြဲဆောင်ထားပါ။ မုန့်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့မုန့်ဆို ပိုကောင်းပါတယ်။

Mints and Chewing Gum

အနံ့ပြင်းတဲ့အစားစာတွေစားပြီးရင် ခံတွင်းနံ့ဆိုးတာက သိပ်အဆင်မပြေလှပါဘူး။ ဒီလိုအချိန်မျိုးဆို သကြားလုံးနဲ့ ပီကေက ခံတွင်းသန့်ဆေးအဖြစ် အသုံးဝင်ပါတယ်။

Hand Sanitizers

ဆပ်ပြာနဲ့ရေ အလွယ်တကူမရနိုင်တဲ့ အခြေအနေမျိုးတွေ ၊ လူများတဲ့နေရာတွေ သွားတဲ့အခါတိုင်း ညစ်ပတ်နေတဲ့သင့်လက်ကို သန့်ရှင်းစေဖို့ လက်သန့်ဆေးရည်ကို အိတ်ထဲဆောင်ထားပါ။