လှပပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့က မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်ပြုသွားတဲ့ မိန်းကလေးတွေရှိသလို အသက် ၂၅ ကျော်လာတဲ့အထိ အိမ်ထောင်မပြုသေးတဲ့ ပျိုမေတွေလည်း အများအပြားပါပဲ။ သင်က အခုချိန် အိမ်ထောင်မပြုရသေးတဲ့ မိန်းကလေးတစ်ဦးဆိုရင်တော့ အောက်မှာ ပြောထားတဲ့အချက်တွေကို လုပ်ပြီးပြီလား ကြည့်လိုက်ပါနော်။

၁။ တစ်ယောက်တည်းနေကြည့်ပါ ဒါမှမဟုတ် အခန်းဖော်တွေနဲ့ နေကြည့်ပါ


အဆောင်နေရသူတွေ၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရသူတွေကတော့ဒီအချက်ကို လုပ်ပြီးသားဖြစ်မှာပါ။ အိမ်ထောင်မပြုခင် ကိုယ့်ကိုကိုယ် တစ်ယောက်တည်းရပ်တည်ကြည့်ပါ။

၂။ ငွေကြေးအရ အမှီအခိုကင်းကင်းနေထိုင်ပါ


အိမ်ထောင်ပြုတဲ့အချိန်မှ ကိုယ့်ရဲ့ ခင်ပွန်းကို အားကိုးမယ်ဆိုတဲ့ စိတ်မျိုးမထားသင့်ပါဘူး။ ကိုယ်ရှာတဲ့ ဝင်ငွေနဲ့ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်အောင် အရင်ကြိုးစားပါ။

၃။ ကမ္ဘာပတ်ပါ


ကိုယ့်သူငယ်ချင်း ကိုယ့်မိသားစုနဲ့ ခရီးသွားပါ။ သင်အိမ်ထောင်ကျလာတဲ့အချိန် ခရီးသွားနိုင်ဖို့က ညှိနှိုင်းတိုင်ပင်ရတာတွေ၊ ဟိုလူ့မျက်နှာ ဒီလူ့မျက်နှာ ကြည့်ရတာတွေဖြစ်လာနိုင်ပါတယ်။

၄။ ဝါသနာတစ်ခုပြုစုပျိုးထောင်ပါ


ဘယ်လိုဝါသနာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါတဲ့အရာတစ်ခုတော့ ရှိထားသင့်ပါတယ်။ ဝါသနာပါရာတွေ လုပ်နေခြင်းက ကိုယ့်အတွက် အချိန်ပေးတာဖြစ်ပါတယ်။ သင်တစ်နေ့ အိမ်ထောင်ကျတဲ့အခါလည်း ထက်မြက်တဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်လာမှာပါ။

၅။ သူငယ်ချင်းတွေကို အချိန်ပေးပါ


ကိုယ်အခင်ဆုံးသူငယ်ချင်းတွေကို အချိန်ပေးတဲ့ အကျင့်ထားပေးပါ။ အသက်ကြီးလာတာနဲ့အမျှ သူငယ်ချင်းတွေနဲ့ ဝေးကွာသွားတာမျိုးမဖြစ်အောင် ဂရုစိုက်ပေးပါ။

၆။ သင့်အချစ်ရေးကို အခြားသူတွေဆီ အသေးစိပ်မပြောပြပါနဲ့


သင်က လက်ရှိမှာ တစ်ယောက်တည်းပဲဖြစ်နေပါစေ ဒါမှမဟုတ် ရည်းစားပဲ ရှိနေပါစေ သင့်အကြောင်းကို ခရေစေ့တွင်းကျ ဘယ်သူ့ဆီမှာမှ မပြောပြပါနဲ့။ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ထားပါ။

Photo Source: Pinterest

By MyStyle Myanmar