မိန်းကလေးတိုင်း ခေါင်းလျှော်တဲ့အချိန်မှာ သတိထားပေးရမယ့် အချက် ၆ ချက်ကို ပြောပြပေးလိုက်ပါတယ်။ ဒီအချက်တွေကို မဆင်မခြင်လုပ်မိရင်လည်း ဆံသားပျက်စီးတာတွေ ဖြစ်နိုင်တဲ့အတွက် သေချာသတိထားပေးဖို့ လိုအပ်ပါတယ်။

ဆံပင်အရင်ရှင်းပါ

တော်တော်များများက ခေါင်းလျှော်မယ်ဆိုရင် ဒီတိုင်းပဲတန်းပြီး လျှော်ပစ်လိုက်ကြတာ များပါတယ်။ ဆံပင်ကို အရင်မရှင်းကြပါဘူး။ အဲ့တော့ လျှော်ပြီးတဲ့အခါမှာ ဆံပင်တွေက ပိုရှုပ်ထွေးပြီး ရှင်းရခက်တာ၊ ဖြီးချလိုက်တာနဲ့ အရမ်းရှုပ်ထွေးပြီး ဆံပင်တွေကျွတ်ပါလာတာမျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ခေါင်းမလျှော်ခင်မှာ ဆံပင်အရင်ရှင်းပေးပါ။

ဆံပင်ရေစိုနေချိန်မှာခေါင်းမဖြီးပါနဲ့

ခေါင်းလျှော်နေချိန်မှာ လုံးဝခေါင်းမဖြီးပါနဲ့။ ဆံပင်တွေအများကြီး ကျွတ်ပါလာပါလိမ့်မယ်။ ခေါင်းလျှော်နေချိန်နဲ့ ခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်ခင်မှာ ခေါင်းဖြီးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ခေါင်းလျှော်ရည်အများကြီးမသုံးပါနဲ့

ခေါင်းလျှော်ရည်ကို ပုံမှန်ပဲထည့်သုံးပါ။ အများကြီးထည့်သုံးရင် ဆံပင်ကျွတ်တာဖြစ်တတ်တဲ့အပြင် ခေါင်းလျှော်ရည်မပြောင်ရင် ဗောက်ထတာ၊ ဦးရေပြားယားယံတာတွေပါ ဖြစ်တတ်ပါသေးတယ်။

ခေါင်းလျှော်ရည်သေချာရွေးသုံးပါ

ခေါင်းလျှော်ရည်ဝယ်တော့မယ်ဆိုရင် တွေ့ကရာဝယ်မသုံးပါနဲ့။ ကိုယ့် Hair Type ကို သိအောင်အရင်လုပ်ပါ။ ကိုယ့် Hair Type နဲ့ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးသုံးပေးပါ။ ခေါင်းလျှော်ရည်ကမကောင်းတဲ့အခါ၊ ကိုယ်နဲ့မတည့်တဲ့အခါမှာ ဆံပင်ကျွတ်တာ၊ ဗောက်ထတာတွေ ဖြစ်စေပါတယ်။

Conditioner or Hair Mask သုံးပေးပါ

ဆံသားပိုလှပပြီး ဆံသားနူးညံ့ပျော့ပြောင်းစေဖို့၊ ဆံသားပိုမိုကောင်းမွန်လာစေဖို့ ခေါင်းလျှော်ပြီးတိုင်းမှာ Conditioner or Hair Mask သုံးပေးပါ။

Massage လုပ်ပါ

ဦးရေပြားက သွေးလည်ပတ်မှုကောင်းမွန်နေရင် ဆံပင်သန်စွမ်းကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ဒါကြောင့် ခေါင်းလျှော်တိုင်းမှာ ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးသင့်ပါတယ်။