ပျိုမေတို့မင်္ဂလာပါနော်။ နွေရာသီအားလပ်ရက်တွေမှာ ကမ်းခြေသွားရတာ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရေအတူကူးရတာကြိုက်တဲ့သူတွေရှိလား။ ဒီလိုအပန်းဖြေခရီးထွက်ရင်း ဓာတ်ပုံလှလှလေးတွေရိုက်ရတာ ဝါသနာပါတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ ရေကူးဝတ်စုံလေးဝတ်ပြီး အမိုက်စားပုံလေးတွေရစေဖို့ Pose ပးနည်းတွေကို မျှဝေပေးချင်ပါတယ်နော်။ Pose မပေးတတ်တဲ့သူတွေအတွက် အရမ်းအဆင်ပြေတဲ့အပြင် ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း၊ ပတ်ဝန်းကျင်ရူခင်းတွေကိုပါ ပေါ်လွင်စေပြီး နေပူပူမှာလည်း သဘာဝဆန်ဆန်နဲ့ အထာကျနေတဲ့ ဓာတ်ပုံလေးတွေကိုရရှိစေမှာပါ။

ပင်လယ်ကမ်းခြေကို နောက်ခံထားကာ ကမ်းစပ်နားက အုန်းပင်လို အပင်မြင့်တစ်ခုကိုမှီပြီး Pose ပေးတာမျိုးက တစ်မျိုးလေးဆန်းပြီး အရမ်းလှပါတယ်။အပင်ကိုမှီထားရင်း ခြေထောက်တစ်ဖက်ရှေ့ထုတ်ထားတာ သင့်လက်တွေကို ပေါင်ပေါ်မှာတင်ထားလိုက်ရုံနဲ့ ကမ်းခြေ အငွေ့အသက်အပြည့်ရတဲ့ ဓာတ်ပုံလေးကိုရစေပါလိမ့်မယ်။


ဒီလို ဆံပင်ပင့်စည်းနေတဲ့ Pose မျိုးလေးက အရမ်းအထာကျသလို သင်ဝတ်ထားတဲ့ Bikini လှလှလေးကိုလည်း ထင်းနေစေပါတယ်။ အချိုးအဆစ်ပိုပေါ်ဖို့ ခန္ဓာကိုယ်တစ်ဖက်ကို မသိမသာစောင်းပေးပြီး Camera ကိုကြည့်နေပေးလိုက်ရုံနဲ့ ဆွဲဆောင်အားပြင်းတဲ့ Pose လေးကိုရစေမှာပါ။


ထိုင်ပြီး Pose ပေးချင်သူတွေအတွက် ဒီလိုနေရောင်ထဲမှာ ဒူးလေးတစ်ဖက်ထောင်ထားတဲ့အပေါ် လက်တင်ကာ ခေါင်းလေးစောင်းပြီး ဆံပင်အနောက်သပ်နေတဲ့ ပုံစံလေးကလည်းအရမ်းလှပါတယ်။ ပိုပြီးအထာကျစေဖို့ နေကာမျက်မှန်လေးတပ်ပြီးရိုက်ကြည့်ပါ။

စိတ်လွတ်လက်လွတ်ပြုံးကာ အတောင်ပံလေးတွေ ဝဲနေသလို လက်နှစ်ဖက်ဆန့်ပြီး Camera နားရောက်အောင် ပြေးနေတဲ့ Pose လေးကလည်း ကြည့်လိုက်တာနဲ့ အပျော်တွေကူးစက်သွားစေမယ့် အမှတ်တရဓာတ်ပုံလေးရစေမှာပါ။

Camera နဲ့နီးနီးရိုက်ရတာငြီးငွေ့လာပြီဆိုရင်တော့ ဒီလို ခန္ဓာကိုယ်အပြည့်နဲ့ နောက်ခံရှုခင်းလေးတွေပါ မြင်ရမယ့် ခပ်ဝေးဝေးကနေ ကမ်းစပ်တစ်လျှောက် လမ်းလျှောက်လာတဲ့ ပုံစံလေးရိုက်ကြည့်ပါ။ သဘာဝဆန်ဆန်နဲ့ အရမ်းလှတဲ့ပုံလေးရလာပါလိမ့်မယ်။

ကင်မရာကြည့်ပြီးမရိုက်ချင်တဲ့သူတွေအနေနဲ့ ဒီလို အောက်ကိုကြည့်ပြီးပြုံးနေတဲ့ Pose လေးပေးနိုင်ပါတယ်။ ဒါ့အပြင် Bikini သီးသန့်နဲ့ မရိုက်ချင်တဲ့အခါ Oversize အပြင်လက်ရှည်အင်္ကျီလေးဝတ်ပြီး လက်ဘေးအနည်းငယ်ကားထားတဲ့ Pose မျိုးပေးလိုက်တာလည်း သင့်ကိုအရမ်းချစ်ဖို့ကောင်းစေမှာပါ။

Source: preview.ph