အိပ်မပျော်ဖြစ်နေတဲ့သူတွေအတွက် ညဘက်တွေမှာ ကောင်းကောင်းအိပ်ပျော်သွားစေဖို့ ကူညီပေးမယ့် အလေ့အကျင့် ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။

စာအုပ်ဖတ်ပါ

၁၀ နာရီအိပ်မယ်လို့ ဆုံးဖြတ်ထားရင် ၉း၃၀ လောက် အိပ်ယာဝင်ပြီး စာအုပ်ဖတ်ပါ။ စာအုပ်ဖတ်ပေးတာက မျက်လုံးညောင်းပြီး မြန်မြန်အိပ်ပျော်စေပါတယ်။ အိပ်ပျော်သွားရင်လည်း နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ပျော်စေပါတယ်။ အိပ်ခါနီး ဖုန်းသုံးမယ့်အစား ဒီနည်းလမ်းကို ပြောင်းလုပ်ကြည့်ပါ။

Herbal Tea သောက်ပါ

Herbal teas တွေက အိပ်မပျော်တဲ့ရောဂါကိုတောင် ကုစားပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ Herbal Tea ပူပူလေး တစ်ခွက်သောက်အိပ်ပေးရင် နှစ်နှစ်ခြိုက်ခြိုက်နဲ့ ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။ စိတ်ကိုလည်း Relax ဖြစ်စေပါတယ်။

စောင်

ကိုယ်ခြုံအိပ်တဲ့စောင်က အရမ်းထူနေတာမျိုး၊ အမွှေးပွကြီးဖြစ်နေတာမျိုးဆိုရင် စိတ်ရှုပ်ရပါတယ်။ အိပ်စက်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုစောင်တွေက အနံ့လည်းစွဲစေတာကြောင့် အနံ့နံနေရင် ကောင်းကောင်းအိပ်မပျော်ပါဘူး။ ဒါကြောင့် စောင်မခြုံပဲမအိပ်တတ်ရင်တောင်မှ စောင်းကို အေးတဲ့အသားမျိုး၊ အရမ်းမထူတဲ့အသားမျိုး ရွေးခြုံပါ။

လေ့ကျင့်ခန်းကိုစောစောမလုပ်ပါနဲ့

လေ့ကျင့်ခန်းကို စောစောလုပ်တာ၊ Gym ကို စောစောသွားတာ၊ ညနေဘက်သွားဆော့တာမျိုးက ညဘက်တွေမှာ လန်းနေတတ်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ အိပ်ခါနီး ၄ နာရီလောက်အလိုမှာ လေ့ကျင့်ခန်းလုပ်ပေးရင် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်လို့ကောင်းစေပါတယ်။

Pajamas ဝတ်မအိပ်ပါနဲ့

အရမ်းအေးတဲ့နေ့တွေမှာတော့ ကိစ္စမရှိပေမယ့် ပူတဲ့နေ့တွေ၊ ပုံမှန်နေ့တွေမှာ Pajamas ဝတ်အိပ်တာက စိတ်ရှုပ်ရပါတယ်။ အသက်ရှူကျပ်တာမျိုး၊ စည်းနှောင်ထားသလိုမျိုး ခံစားရစေပါတယ်။ ချွေးလည်းထွက်စေပါတယ်။ ဒါကြောင့် ညအိပ်ဝတ်စုံကို ပေါ့ပါးပါးပါးဖြစ်ပြီး လေဝင်လေထွက်ကောင်းတာမျိုးပဲ ရွေးဝတ်ပေးပါ။

Carpet ထားခြင်း

ကိုယ့်အိပ်ယာဘေးမှာ အမွှေးပွအခင်းတွေ Carpet တွေထားတာက သန့်ရှင်းနေရင် ဘာမှမဖြစ်ပေမယ့် သန့်ရှင်းမှုအားနည်းရင်တော့ အနံ့နံတဲ့အတွက် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို Carpet တွေထားရင် အခန်းနဲ့ အခင်းကို သေချာသန့်ရှင်းဖို့ လိုပါတယ်။