အားလုံးပဲမင်္ဂလာပါ။ အချစ်ရေးမှာ ဟိုးအရင်က ကံဆိုးခဲ့ပေမယ့် ဒီအချိန်မှာ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကိုအရင်လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုအရာတွေက မကောင်းတဲ့ဆီ ဦးတည်သွားလဲ သင့်အနေနဲ့ သိနေပါပြီ။ သင်က လက်ရှိရင့်ကျက်တည်ငြိမ်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားပြီဆိုတာ ဒီအချက်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။ အောက်မှာပြောပြထားတဲ့အချက်တွေနဲ့ကိုက်ညီတယ်ဆိုရင်တော့ သင့်ချစ်ရသူကို Mention ခေါ်ဖို့မမေ့ပါနဲ့နော်။

၁။ သင်တို့က သိပ်စကားမများတော့ဘူး


လူတိုင်းက အမြင်တစ်ထပ်တည်း မတူကြပါဘူး။ သင့်ချစ်သူနဲ့သင်လည်း ဒီလိုပါပဲ။ စိတ်သဘောထားချင်းမတိုက်ဆိုင်တာတွေရှိပေမယ့် သင်တို့က ရန်ဖြစ်တာမျိုး၊ အချင်းများတာမျိုး သိပ်မရှိတော့ပါဘူး။ လုံးဝမရှိတာတော့မဟုတ်ပေမယ့် ဖြစ်တာ ရှားပါတယ်။

၂။ ရန်ဖြစ်ရင်လည်း ပြန်ကျေအေးနိုင်ကြတယ်


သင်တို့က ရန်ဖြစ်စကားများတဲ့အချိန် နည်းသလို ဖြစ်လာခဲ့ရင်လည်း အချင်းချင်း အော်ဟစ်ပြီး ရန်ဖြစ်မယ့်အစား ပြေလည်ရာပြေလည်ကြောင်းကို ညှိတတ်ကြပါတယ်။ ကိုယ့်ခံစားချက်ကို သူနားလည်အောင်ပြောပြတတ်ကြပါတယ်။

၃။ အချင်းချင်းယုံကြည်မှုရှိတယ်


အချစ်ရေးတစ်ခုမှာ ယုံကြည်မှုက အဓိကပါပဲ။ သင်က သူ့ဖုန်းကို ဝင်စစ်ပြီးကြူနေလား တခြားသူတွေနဲပြောနေလားဆိုပြီး လိုက်စစ်နေစရာ မလိုတော့ပါဘူး။ သူကလည်း ဒီလိုပါပဲ။ သင့်ကို အပြည့်အဝယုံကြည်ထားပါတယ်။

၄။ အချင်းချင်း ကိုယ်ပိုင်သီးသန့်နေရာတစ်ခုစီပေးတယ်


အရမ်းချစ်တယ်ဆိုပြီး အမြဲ တပူးတွဲတွဲ နေနေလို့မရပါဘူး။ လူတိုင်းမှာ ကိုယ့်အလုပ် ကိုယ့်ရည်မှန်းချက် ကိုယ်စီရှိပါတယ်။ သင်တို့နှစ်ယောက်က ဒါကို နားလည်ထားပြီး အချင်းချင်း ကိုယ်ဝါသနာပါရာလုပ်ဖို့ တစ်ယောက်တည်းသပ်သပ်နေဖို့ သီးသန့် အချိန်ပေးကြပါတယ်။ အချစ်ရေးနဲ့အတူ ကိုယ့်မိသားစုအတွက် အချိန်ပေးခြင်းကိုပါ အချင်းချင်း နေရာပေးကြပါတယ်။

၅။ အချင်းချင်းအားပေးတယ်


သင်က သင့်ချစ်သူကို အားပေးစကားဆိုလေ့ရှိပါတယ်။ သင့်ချစ်သူတိုးတက်ဖို့အတွက် ဘေးကနေ အားပေးပြီး ဖေးမတတ်ပါတယ်။ သင့်ချစ်သူကလည်းသင့်လိုပါပဲ။

၆။ သူက သင့်ဆန္ဒကို ပိုဦးစားပေးတယ်


သင်က မိန်းကလေးတစ်ယောက်ဆိုရင် သင့်ကောင်လေးက သင့်ကို ဦးစားပေးပါတယ်။ သင့်ကောင်လေးက သင်ပျော်နေရင် သူလည်း အလိုလို ပျော်တတ်ပါတယ်။ သင်စိတ်ညစ်ရင် သူလည်း စိတ်ညစ်တတ်ပါတယ်။

သင့်မှာ ဒီလိုချစ်သူပိုင်ဆိုင်ထားပြီလား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar