သင်ခိုင်းသမျှ သင်တောင်းဆိုသမျှကို မငြီးမငြူဘဲ လုပ်ပေးတတ်တဲ့ ကောင်လေးတစ်ယောက်ပိုင်ဆိုင်ထားပြီလား။ သင့်ကောင်လေးက သင့်စကား နားမထောင်ဘူးဆိုရင်တော့ ဒီအချက်တွေအတိုင်း လုပ်ကြည့်ပါနော်-

၁။ မျက်တောင်


သင်က သူ့ဆီမှာ တောင်းဆိုစရာတစ်ခုရှိတယ်ဆိုရင် မျက််တောင် လေး ပုတ်ခတ် ပုတ်ခတ်နဲ့ နေပြလိုက်ပါ။ သင့်ကို အသည်းယားပြီး သူမဖြစ််ဖြစ်အောင ်လုပ်ပေးပါလိမ့်မယ်။

၂။ သူသဘောကျတဲ့အရာတစ်ခုပေးပါ


သင့်ကောင်လေးက ဘာကြိုက်လဲ။ Surprise လုပ်ခံရတာကြိုက်လား။ မုန့်စားရတာကြိုက်လား။ သူကြိုက်နှစ်သက်တဲ့အရာတစ်ခုသာ လုပ်ပေးလိုက်ပါ။ သင့်စကားနားထောင်လာပါလိမ့်မယ်။

၃။ အကုန်လုံးက သူ့အကြံလို ထင်လာအောင်လုပ်ပါ


ဆိုလိုတာက သင်က သူ့ဆီက အကြံတောင်းပါ။ တကယ်တော့ အဲ့အကြံကို သင်က တောင်းစရာမလိုဘဲ ဖြေရှင်းပြီးသားလူပါ။ ဒါပေမဲ့ သူ့ရဲ့ အကြံလို့ ထင်လာရအောင် သင်က လှည့်ကွက်နဲ့ပြောပါ။

၄။ အသံချိုချိုလေး


သင့်အသံက နဂိုတည်းက မချွဲတတ်တဲ့အသံမျိုးဆိုရင်တော့ ဒါက အခက်အခဲရှိနို်င်ပါတယ်။ ဒါပေမဲ့ သင်က မိန်းကလေးတစ်ယောက်ပါ။ ချွဲတတ်အောင် ချွဲရင် ရပါတယ်။ မိန်းကလေးတိုင်းက ချွဲတတ်ပါတယ်နော်။ သင့်စိတ်ထဲ မလုပ်တတ်ဘူးလို့ ထင်နေတာပါ။

၅။ သူ့ကို ချီးကျူးပါ


သူ့ကိုယ်သူ ကိစ္စတစ်ခုမှာ တော်တယ်လို့ထင်လာအောင် သင့်ဘက်က ပံ့ပိုးပေးပါ။ ချီးကျူးစကားကို မကြိုက်တဲ့လူမရှိပါဘူး။

၆။ တစ်ခုပေး တစ်ခုယူ


သင်ကပဲ အမြဲလိုချင်နေလို့မရပါဘူး။ သူလိုချင်တဲ့အရာတွေကိုလညး် သင့်ဘက်က လိုက်လျောပေးရပါမယ်။ ဒါကြောင့် ဒီအချက်ကိုမှတ်ထားဖို့ လိုပါမယ်။

သင့်မှာ သင့်ပြောစကားအမြဲနားထောင်တဲ့ ချစ်သူတစ်ယောက်ရထားပြီလား Comment ပေးခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar