မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးတွေပဲဖြစ်ဖြစ် စတိုင်လ်ကျချင်ပါတယ်။ စတိုင်လ်ဖို့အတွက် အခုလက်ရှိ ခေတ်စားနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေက ကိုယ်နဲ့ သင့်တော်ချင်မှသင့်တော်ပါလိမ့်မယ်။ သင်ဟာ အရပ်ပုတဲ့သူဆိုရင် အခုဖော်ပြမယ့် ပုံစံလေးကို ဝတ်ဆင်ကြည့်လိုက်ပါ။

၁။ မှန်ကန်တဲ့ဖိနပ်နဲ့ Accessories ပစ္စည်းတွေ ရွေးချယ်တတ်ပါစေ။

သင့်ကို အရပ်ပိုရှည်စေတယ်လို့ ထင်ရစေဖို့အတွက်ကတော့ ဒေါက်မြင့်ဖိနပပ်တွေ စီးပေးတာပါပဲ။ ဒေါက်မြင့်ဖိနပ်စီးတဲ့နေရာမှာ ကိုယ်ဝတ်မယ့် အဝတ်အစားနဲ့လိုက်ဖက်ပြီး ကိုယ့်ခြေထောက်ကိုရော ပိုပြီး ရှည်သယောင်ထင်ရတဲ့ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ ကြိုးသိုင်းတွေ အများကြီးပါတဲ့ ဖိနပ်မျိုးက သင့်ခြေထောက်ကို ပိုတိုတယ်လို့ ထင်ရစေမှာပါ။ accessories ပစ္စည်းတွေဝတ်တဲ့အခါမှာလည်း ကန့်လန့်ဖြတ်ပုံစံမျိုးကိုမဝတ်ဘဲ သင့်လည်ပင်းကို ပိုပြီးရှည်သယောင်ထင်ရစေတဲ့ ပစ္စည်းတွေကို ရွေးချယ်ဝတ်ဆင်ပါ။

၂။ သင့်အရပ်နဲ့ လိုက်ဖက်ညီတဲ့ ဂျင်းဘောင်းဘီတွေနဲ့ လွယ်အိတ်ကို ရွေးချယ်မယ်။

ဂျင်းဘောင်းဘီဝတ်တဲ့အခါမှာ သင့်ကို အရပ်ရှည်သယောင်ထင်ရစေဖို့အတွက် ဘောင်းဘီရှည်ကို ခေါက်ပြီးဝတ်ပေးပါ။ အရှေ့ဖက်ချွန်တဲ့ ဒေါက်ဖိနပ်နဲ့ တွဲစီးပါ။ ဂျင်းဘောင်းဘီအတို (ဒူးခေါင်းထိရှိတာ) ဝတ်ရင် သင့်ကို အရပ်ပိုပုတယ်လိုပထင်ရစေပါတယ်။ လွယ်အိတ်ကိုလည်း အရမ်းကြီးတာမျိုးမလွယ်ဘဲ ၁၀ လက်မထက်မကျယ်တဲ့ အိတ်ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ ဒီလိုဘောင်းဘီမျိုးကို ဝတ်တဲ့အခါ

အခုလို ဘောင်းဘီပွပွမျိုးတွေကိုဝတ်တဲ့အခါ ခြေထောက်ဖုးသွားထဲထိဝတ်ပေးပါ။ အပေါ်အင်္ကျီကိုလည်း ချမထားဘဲ ဘောင်းဘီထဲထည့်ပြီး ဝတ်ပေးရင် ဖက်ရှင်လည်းကျစေသလို စတိုင်လ်ကျလှပစေမှာဖြစ်ပါတယ်။

၄။ စကတ်တွေဝတ်တဲ့အခါမှာသတိထားရမယ့်အရာ။

စကတ်ကျပ်ကျပ်တွေ ဆွဲသားစကတ်တွေဝတ်တဲ့အခါမှာ သင့်ကို ပိုပြီး ပိန်ပိန်ရှည်ရှည်လို့ထင်ရစေဖို့အတွက် အပေါ်ဝတ်အင်္ကျီကို စကတ်ထဲ ထည့်ဝတ်ဖို့မမေ့သင့်ပါဘူး။ အပြင်ထုတ်ဝတ်ရင် သင့်ကိုပိုပြီး အရပ်ပုသလို ထင်ရစေပါတယ်။

၅။ တခါတလေ ခါးပတ်သုံးရအောင်။

သင့်ကို အရပ်ပိုရှည်အောင်ပြုလုပ်ပေးနိုင်မယ့် စတိုလ် (၆) မျိုး

ခါးမပေါ်တဲ့အင်္ကျီပွပွ ရှည်ရှည်ဝတ်တဲ့အခါမှာ ခါးပတ်ကို ထည့်ပေးတာဟာ သင့်ကို ပိုပြီး အရပ်ရှည်သလို ခံစားရစေမှာပါ။ ခါးကိုလည်း သေးသွယ်စေသလို ဖြစ်ပြီး ဒီလိုဖက်ရှင်စတိုလ်မျိုးကို အရပ်ပုတဲ့သူတွေ ဝတ်ဆင်သင့်ပါတယ်။

၆။ အဆင်းကြောင်း စကတ်တွေကို ရှောင်မယ်။

အပေါ်အကျ်ီမှာလည်း အစင်းကြောင်းပါတယ်။ ကိုယ်ဝတ်လိုက်တဲ့ စကတ်တွေကလည်း အဆင်းကြောင်းပါတာမျိုးဖြစ်နေရင် သင့်ကိုပိုပြီး အရပ်ပုသလို ထင်ရစေပါတယ်။ အဲဒီလို စကတ်အစား ပြောင်စကတ်ကိုပဲ ဝတ်ဆင်သင့်ပါတယ်။