ပျိုမေတို့ရေ မင်္ဂလာပါ။ ခြေထောက်ကို မကြာခဏရေထိရတဲ့ ရာသီရောက်လာပြီမို့ ရေနဲ့ချောပြီး ခြေထောက်ချော်တာ၊ အနံ့ဆိုးထွက်တာမျိုး မဖြစ်စေမယ့် မိုးတွင်းစီးဖိနပ်ကောင်းကောင်းလေးတွေ ရှိထားဖို့လိုလာပါပြီ။ ဒီလိုမဟုတ်ဘဲ အလုံပိတ်ပြီး ရေစုပ်တဲ့ ဖိနပ်တွေ ဆက်စီးနေမယ်ဆိုရင် ခြေထောက်အရေပြား အစိုပြန်ပြီး ပိုးဝင်တတ်ပါတယ်။ ဒီလိုဖိနပ်အရွေးမှားပြီး ထိခိုက်တာမျိုးမဖြစ်ရအောင် ပျိုမေတို့အတွက် မိုးတွင်းစီးဖို့ သင့်တော်တဲ့ဖိနပ်ပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့လည်း သင့်တော်ပြီး စီးရတာသက်တောင့်သက်သာနဲ့ စတိုင်လည်းကျစေမှာဖြစ်လို့ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ Clarks Sandals

အမြင့်ထူထူပါတဲ့ Clarks ဖိနပ်လေးတွေက ရိုးရိုးလေးနဲ့ အထာကျပြီး အကြမ်းခံတဲ့ဖိနပ်လေးတွေဖြစ်တာမို့ ရာသီမရွေးစီးလို့ကောင်းပါတယ်။ အရောင်မျိုးစုံရှိသလို အမဲလေးတွေဝတ်ပေးမယ်ဆိုရင် Outfit အရောင်တိုင်းနဲ့လိုက်ဖက်ပြီး စတိုင်ကျစေမှာပါ။

၂။ Crocs ဖိနပ်

အခုနောက်ပိုင်းမှာ လူငယ်မိန်းကလေးတော်တော်များများ Crocs ဖိနပ်လေးတွေ ဝတ်လာကြသလို အသားထူထူနဲ့ လေဝင်ပေါက်လေးတွေ ပါတဲ့ဖိနပ်မျိုး ဖြစ်တာမို့ မိုးတွင်းအတွက်အရမ်းအဆင်ပြေပါတယ်။ အရောင်နဲ့ ဒီဇိုင်းဆန်းလေးတွေ မျိုးစုံရှိတာမို့ Crocs ဖိနပ်လေးတစ်စုံနဲ့တင် လူငယ်ဆန်ပြီး ချစ်စရာကောင်းတဲ့ Vibe လေးရစေမှာပါ။

၃။ Slider ဖိနပ်

ကွင်းစွတ်အထူ Slider ဖိနပ်လေးတွေကလည်း ဝတ်ရတာ သက်တောင့်သက်သာရှိပြီး မိုးတွင်းအတွက် အရမ်းအဆင်ပြေပါတယ်။ ဝတ်ရချွတ်ရလည်းလွယ်သလို လမ်းလျှောက်လို့ကောင်းတာမို့ မိုးရွာတဲ့နေ့တွေ ထသွားထလာအတွက် စီးဖို့ကွက်တိပါပဲ။

၄။ ကွင်းထိုးနောက်ပိတ် ဖိနပ်

အမြင့်စီးရတာမကြိုက်ဘူးဆိုရင်တော့ ဒီလိုကွင်းထိုးနောက်ပိတ်လေးတွေ ရွေးဝတ်နိုင်ပါတယ်။ နောက်ပိတ်ကြိုးပါတာကြောင့် ရေစိုပြီး ကျွတ်ကျမှာ စိတ်ပူစရာမလိုဘဲ ဖိနပ်မပါသလို ပေ့ါပါးမှုမျိုး ခံစားရစေမှာပါ။

၅။ ခြေညှပ်ဖိနပ်အမြင့်

အရှေ့ကွင်းထိုးတွေထက် ခြေညှပ်လေးတွေပိုဝတ်တတ်တဲ့သူတွေကတော့ ခြေညှပ်ဖိနပ်ကိုမှ ခပ်မြင့်မြင့်လေးဝတ်ပေးပါ။ အရပ်ပုတဲ့မိန်းကလေးတွေနဲ့လိုက်ဖက်ပြီး ချစ်စရာကောင်းစေမယ့် ဖိနပ်လေးတွေဖြစ်ပါတယ်။

၆။ Birkenstock ဖိနပ်

နောက်ထပ် မိုးရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့ ဖိနပ်လေးတွေကတော့ ကွင်းစွပ်ကိုမှ နောက်ပိတ်မပါတဲ့ ရေစိုခံ Birkenstock ဖိနပ်အမြင့်တွေပဲဖြစ်ပါတယ်။ အောက်ခံ ရော်ဘာသားဖြစ်တာမို့ စီးရ အရမ်းပေါ့ပါးပြီး ဗွက်မစင်ဘဲ လမ်းလျှောက်ရလည်း အဆင်ပြေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar