ဒီလိုဆံပင်ကျစ်တာကို စာဖတ်သူတို့တော့ ဘယ်လိုခေါ်လဲမသိဘူး။ ကျွန်မသူငယ်ချင်းတွေကတော့ ငါးရိုးကျစ်တယ်လို့ ခေါ်ပါတယ်။ သူ့ရဲ့ပုံစံက ငါးရိုးလေးတွေနဲ့တော့ တူသားရှင့်။

ကြည့်ရင်သာ ခက်တယ်ထင်ရတာ တကယ်တမ်းလုပ်ကြည့်တော့လည်း လွယ်သားပဲ။

ငယ်ငယ်က သူငယ်ချင်းတွေ အဲလိုလေးကျစ်ထားတိုင်း ခက်မှာပဲလိုတွေးမိတယ်။ ကိုယ်လည်း ဆံပင်ကို ကျစ်ဆံမီးကျစ်လေ့မရှိတော့ သိပ်မလုပ်ဖြစ်ဘူး။

အခုဒီမှာပြထားတဲ့နည်းအတိုင်း လုပ်ကြည့်တာ တကယ်အဆင်ပြေပြီး လှလိုက်တာ။ ဒီတော့ စာဖတ်သူတွေကိုလည်း မျှဝေပေးချင်စိတ်ဖြစ်သွားမိတယ်။

အဆင့် ၁

ဆံပင်ကိုစုပြီးစည်းလိုက်ပါ။

အဆင့် ၂

စည်းထားတဲ့ဆံပင်ထဲက ဆံပင်အနည်းငယ်ဆီခွဲပြီး တစ်ဖက်စီယူထားပေးပါ။

အဆင့် ၃

ပြီးရင် ဒုတိယအဆင့်ကလိုပဲ ဆံပင်ကို နှစ်ဖက်ထပ်ယူပြီး အပေါ်ကနေထပ်ပေးပါ။

အဆင့် ၄

ပြီးရင် တစ်ဖက်တစ်ချက်စီကို စုပြီးကိုင်ပေးပါ။ ဒါဆိုရင် လက်တစ်ဖက်ကို ဆံပင်အစု တစ်ခုစီပဲကိုင်ထားရတော့မှာပါ။

အဆင့် ၅

နောက်ထပ်လည်း အဆင့် ၃ ကလိုပဲ တစ်ဖက်ကို ဆံပင်နည်းနည်းဆီယူပြီး ညာဖက်ကယူတာကို ဘယ်ဖက်လက်ထဲက ဆံပင်တွေနဲ့ စုယူ။ ဘယ်ဖက်က ယူတဲ့ဆံပင်တွေကို ညာဖက်က ဆံပင်တွေနဲ့စုယူပြီး ကျစ်ကျစ်သွားပါ။

အဆင့် ၆

ဆံပင် အောက်ခြေနားထိ ကျစ်သွားလို့ရပါတယ်။ ပြီးရင် ဆံပင်ကို နည်းနည်းလေးဖွပြီး ကော်မှုတ်ပေးပါ။

ကဲ လွယ်တယ်နော်။