မင်္ဂလာပါနော်။ ဒီတခါမှာတော့ ပန်းရောင်ကြိုက်တဲ့ သူငယ်ချင်းတွေ မမတွေ ညီမတွေအတွက် ပန်းရောင် EyeShadow လိမ်းခြယ်နည်းကို မျှဝေပေးသွားမှာပါ။

ပန်းရောင်ဝတ်တဲ့နေ့တွေဆို သိပ်ကို ပနာသင့်တဲ့ လိမ်းခြယ်မှုဖြစ်လို့ သဘောကျကြမယ်လို့ မျှော်လင့်မိပါတယ်နော်။

၁။ အရင်ဆုံး သင့်ရဲ့ မျက်ခွံတစ်ခုလုံးကို ပုလဲရောင်လေးနဲ့ခြယ်လိုက်ပါ။

၂။ ပြီးရင်တော့ ပန်းရောင် အရောင်နည်းနည်းရင့်တာကို မျက်ခွံအပြင်ဖက် ထောင့်နားလေးမှာ လိမ်းခြယ်ပေးလိုက်ပါ။

၃။ ပြီးသွားရင်တော့ Eyeshadow အရောင်လက်လက်ကို မျက်ခုံးအတွင်းဖက် ထောင့်နားမှာ လိမ်းပေးလိုက်ပါ။

၄။ ပြီးသွားရင်တော့ အဲဒီအဖြူရောင် အရောင်လက်လက်လေးကို သင့်ရဲ့ မျက်ခွံအောက်မှာ လိမ်းပေးလိုက်ပါ။

၅။ အဲဒါတွေအကုန်ပြီးရင်တော့ EyeLiner ခပ်ပါးပါးလေး ဆွဲပေးလိုက်ပါ။

၆။ ပြီးရင် ကော့ထားတဲ့ မျက်တောင်အတုကို တပ်ပေးလိုက်ပြီး Mascara ဆိုးပေးလိုက်ပါ။