ခြေသလုံးမွှေးရှိရင် waxing, shaving စသဖြင့် လုပ်ကြတာပါပဲ။ တချို့ကျတော့ waxing လုပ်ရင် နာမှာကြောက်ပြီး shaving ပဲလုပ်ကြပါတယ်။ Shaving လုပ်မယ်ဆိုရင်တော့ အသားအရေမပျက်စီးအောင် သေချာလေး လုပ်ပေးဖို့ လိုပါတယ်။ ဒါကြောင့် shaving လုပ်တဲ့အခါမှာ အသားအရေမပျက်စီးအောင် မဖြစ်မနေလုပ်ပေးရမယ့် အဆင့် ၆ ဆင့်ကို ပြောပြပေးလိုက်ပါတယ်။

Scrub တိုက်ပါ

ပထမဆုံးအနေနဲ့ ခြေထောက်ကို scrub အရင်တိုက်ပါ။ Shaving လုပ်ပြီး ၃ ရက်လောက်က scrub မတိုက်ရပါဘူး။ ဒါကြောင့် မလုပ်ခင်မှာတိုက်ပါ။

Oil လိမ်းပါ

Scrub တိုက်ပြီးရင် ရေဆေးချပြီးတာနဲ့ ခြောက်အောင်သုတ်ပါ။ ပြီးရင် baby oil (သို့) bio oil ကို ခြေထောက်မှာလိမ်းပြီး နှိပ်နယ်ပေးပါ။

ဆပ်ပြာတိုက်ပါ

Oil လိမ်းပြီး ၅ မိနစ်လောက်နေရင် ခြေထောက်ကို ရေချိုးဆပ်ပြာအရည်နဲ့ တိုက်ပေးပါ။ ဆပ်ပြာတုံးက အသားခြောက်စေလို့ အရည်သုံးတာက ပိုကောင်းပါတယ်။

Shaving

အပေါ်က ၃ ဆင့်ကို လုပ်ပြီးရင်တော့ စပြီး shaving လုပ်လို့ရပါပြီ။ Shaving လုပ်တဲ့အခါမှာ ဓားမထိအောင် သေချာဂရုစိုက်ပြီး ရိတ်ပေးဖို့လိုပါတယ်။

ရေအေးနဲ့ရေဆေးချပါ

Shaving လုပ်ပြီးရင် ရေအေးနဲ့ သေချာပြောင်အောင် ရေဆေးချပါ။ ပြီးရင် အဝတ်နဲ့ ရေပြောင်အောင် သုတ်ပေးပါ။ ရေနွေးလုံးဝမသုံးရပါဘူး။

Moisturizer

အားလုံးပြီးသွားရင် နောက်ဆုံးအဆင့်မှာတော့ moisturizer ဖြစ်တဲ့ lotion (သို့) foot cream လိမ်းရပါမယ်။ နေ့လည်ဘက်တွေမှာဆိုရင် နေလောင်ဒဏ်ကာကွယ်တဲ့ SPF ပါတဲ့ Lotion ကို လိမ်းပေးပါ။ ကျန်တဲ့အချိန်ကတော့ ရိုးရိုး lotion လိမ်းရုံပါပဲ။