အထူးသဖြင့် မိန်းကလေးတွေက အတိုဝတ်တဲ့အခါမှာ ခြေသလုံးမွှေးရှိနေရင် ရိတ်ပစ်တာမျိုး လုပ်တတ်ကြပါတယ်။ ဒီလိုရိတ်မယ်ဆိုရင်လည်း အသားအရေ ထိခိုက်ပျက်စီးမှုမရှိအောင်လို့ သေချာဂရုစိုက်ပြီး လုပ်သင့်ပါတယ်။ ဒါကြောင့် ခြေသလုံးမွှေးရိတ်တဲ့အခါမှာ အဓိကလိုအပ်တဲ့အရာတွေနဲ့ မဖြစ်မနေလုပ်ပေးရမယ့်အရာတွေကို ပြောပြပေးလိုက်ပါတယ်။

Exfoliate

ပထမဆုံးအနေနဲ့ ခြေထောက်ကို အရင်ဆုံး Exfoliate လုပ်တာ၊ Scrub လုပ်တာမျိုးကို အရင်လုပ်ပေးပါ။

Oil

Exfoliate လုပ်ပြီးရင် ရေဆေးချပြီး Vitamin E ပါတဲ့ Baby Oil ဒါမှမဟုတ် Bio Oil ကို ခြေထောက်မှာ ပွတ်လိမ်းပေးပါ။

Foam up

ခြေထောက်မှာ Oil လိမ်းပြီးရင် ခြေသလုံးမွှေးရိတ်ဖို့အတွက် ဆပ်ပြာတိုက်ပေးပါ။ ရေချိုးဆပ်ပြာအရည်ကိုသုံးရင် အကောင်းဆုံးပါပဲ။ shaving foam မသုံးပါနဲ့။

Shave

စပြီးရိတ်လို့ရပါပြီ။ ရိတ်တဲ့အခါမှာ မထိအောင် သေချာဂရုစိုက်ပြီး ရိတ်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ဆပ်ပြာများများတိုက်ထားပါ။

Wash

ရိတ်ပြီးရင် ရေဆေးချပါ။ ရေဆေးချတဲ့အခါမှာ ရေနွေးလုံးဝမသုံးမိပါစေနဲ့။ ရေအေးနဲ့ပဲ သေချာပြောင်အောင် ရေဆေးချပါ။ ပြီးရင် အဝတ်နဲ့ ရေပြောင်အောင် သုတ်ပေးပါ။

Moisturise

အားလုံးပြီးသွားရင် နောက်ဆုုံးအဆင့်အနေနဲ့ Lotion မဖြစ်မနေလိမ်းရပါမယ်။ နေလောင်ဒဏ်ကာကွယ်တဲ့ SPF ပါတဲ့ Lotion ကို များများလေးလိမ်းပါ။

ခြေသလုံးမွှေးရိတ်တဲ့အခါမှာ ဒီအဆင့်တွေအားလုံးလုပ်မယ်ဆိုရင်တော့ အသားအရေလည်း ထိခိုက်ပျက်စီးမှုမရှိပါဘူး။

Source:www.nykaa.com