လူတစ်ယောက်နဲ့ တစ်ယောက်က အကြိုက်မတူကြပါဘူး။ ဆွဲဆောင်မှုရှိလား မရှိလား ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် အမြင်တူမှာ မဟုတ်ပါဘူး။ အခုဖော်ပြထားတဲ့ အချက်တွေကတော့- ယေဘုယျအားဖြင့် အများစု လက်ခံထားကြတဲ့ ဆွဲဆောင်မှု ရှိတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။

၁။ အနီရောင် နှုတ်ခမ်းနီ

အနီရောင်က နွေးထွေးမှု၊ အကောင်းမြင်စိတ်တို့နဲ့ ဆက်စပ်နေပါတယ်။ မျက်လုံး၊ နှုတ်ခမ်း၊ မျက်ခုံးတို့က တစ်နေ့တာ ကြာလာတာနဲ့ အမျှအရောင်ဖျော့လာတတ်ပါတယ်။ ဒါအတွက် အနီရောင် နှုတ်ခမ်းနီက အထောက်အကူ ဖြစ်မှာပါ။

၂။ ခေါင်းကိုစောင်းထားတာ

Body Language ကျွမ်းကျင်သူတွေရဲ့ စကားအရ ခေါင်းကို ညာဘက်စောင်းပြီး ကြူတာက ပိုဆွဲဆောင်မှုရှိတယ်လို့ ဆိုထားပါတယ်။ ဒီလိုစောင်းလိုက်ရင် မျက်နှာကြွက်သားတွေ ပိုအနားရပြီး အပြုံးက ပိုသဘာဝဆန်ပါတယ်တဲ့။

၃။ မျက်လုံးမှိတ်ပြီးရယ်တာ

မျက်လုံးနဲ့ ပြုံးခြင်းက သင့်ကို ဓာတ်ပုံစားစေတယ်လို့ သိရပါတယ်။ ပါးရေလေးတွေ တွန့်တဲ့အထိ ပြုံးတာက ပါးရိုးတွေပါ အပေါ် မောက်သွားနိုင်ပေမယ့် ဒါက ဟန်ဆောင်လုပ်ရယ်တာထက် ပိုဆွဲဆောင်မှု ရှိပါတယ်တဲ့။

၄။ အမာရွတ်

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အမျိုးသမီးတွေဟာ အမာရွတ်ရှိတဲ့ အမျိုးသားတွေကို ယောကျာ်းပီသတယ်၊ သတ္တိရှိတယ်၊ ခွန်အားကောင်းတယ်ဆိုတဲ့ အတွေးနဲ့ သဘောကျကြပါတယ်တဲ့။ ဒီလို အမာရွတ်ရှိတဲ့ လူတွေကို ပို ယုံကြည်မှုရှိတယ်၊ အရှိကို အရှိအတိုင်း လက်ခံတတ်တဲ့သူတွေလို့ လူတွေက သတ်မှတ်ထားကြပါတယ်။

၅။ ပါးနီနီလေး

လေ့လာချက်တွေရဲ့ အဆိုအရ ပါးပန်းရောင်သန်းတဲ့ အမျိုးသမီးတွေဟာ ဖျော့တော့တဲ့ အသားအရေ ပိုင်ရှင်တွေထက် ပိုဆွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမျိုးသားတွေဟာ ပါးရဲရဲနဲ့ကောင်မလေးတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အတွေးမျိုး ဝင်တတ်ကြပါတယ်။

၆။ လည်ပိတ်အင်္ကျီ

လည်ပိတ်အင်္ကျီတွေက ဝတ်ရတာ သက်သောင့်သက်သာ သိပ်မရှိပေမယ့် ဒီအဝတ်အစားစတိုင်က သင့်ကို ပိုဆွဲဆောင်မှုရှိစေကာ ပိုစိတ်ဝင်စားဖို့ ကောင်းစေပါတယ်။ ဒါ့အပြင် လည်ပိတ်စတိုင်က ပိုပိန်တယ်ထင်ရစေပြီး မျက်နှာပိုရှည်တယ် ထင်ရစေပါတယ်။

Source: Brightside

By MyStyle Myanmar