မင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ ညပိုင်း Skincare သေချာမလုပ်မိတဲ့သူတွေရှိလား။ မနက်ပိုင်းနိုးတာနဲ့ အသားအရေလေး Glow နေဖို့ဆိုရင် ညဘက် Skincare ကို ပိုအာရုံစိုက်ပြီးလုပ်ပေးသင့်ပါတယ်နော်။ ညဘက် Sleeping Mask လေးသုံးပြီးအိပ်တာက တစ်နေ့လုံးသွားလာရလို့ ပင်ပန်းထားတဲ့ Skin ကို အစိုဓာတ်ပြန်ဖြည့်ပေးတဲ့အပြင် နောက်တစ်နေ့မနက်မှာ အသားလေးကြည်နေဖို့ ကူညီပေးမှာပါ။ သူက မျက်နှာသီးသန့်သစ်ဖို့မလိုဘဲ လိမ်းထားပြီး အိပ်ရုံပဲမို့ အလုပ်ရှုပ်လည်း သက်သာပါတယ်။
ဒီတစ်ခေါက်မှာ Sleeping Mask သုံးမယ့်သူတွေအတွက် Skin Type တော်တော်များများနဲ့ အဆင်ပြေပြီး ဈေးသင့်ကာ လူကြိုက်များတဲ့ ကိုးရီးယားနိုင်ငံထုတ် ပစ္စည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ iUNIK Propolis Vitamin Sleeping Mask

iUNIK ရဲ့ ဒီ Sleeping Mask လေးမှာတော့ ကော်လဂျင်ဓာတ်ဖြည့်ပေးတဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပြီး Skin Type အားလုံးနီးပါးသုံးလို့ရပါတယ်။ သူ့မှာပါတဲ့ ဆေးဖက်ဝင် Centella အပင်ရဲ့ အာနိသင်ကလည်း အသားအရေနူးညံ့ပြီး အမဲစက်တွေပါ သက်သာစေမှာပါ။

၂။ Innisfree Brightening Pore Sleeping Mask

Innisfree ရဲ့ Product တွေထဲမှာ ဒီ Sleeping Mask လေးက လူကြိုက်များပါတယ်နော်။ သူ့ရဲ့ အာနိသင်က အစိုဓာတ်ဖြည့်ပြီး ချွေးပေါက်တွေကို အတွင်းပိုင်းအထိသန့်စင်ပေးတာမို့ ညဘက်လိမ်းအိပ်ပေးတာနဲ့ မနက်နိုးတဲ့အခါ အသားအရေ ကြည်ကြည်ပြောင်ပြောင်လေး ဖြစ်နေတာကို မြင်ရမှာပါ။

၃။ Laneige Water Sleeping Mask

Laneige ရဲ့ လူကြိုက်အရမ်းများတဲ့ Water Sleeping Mask လေးကလည်း နာမည်နဲ့လိုက်အောင် အစိုဓာတ်ဖြည့်ပေးပြီး Skin ကို တင်းတင်းအိအိလေးဖြစ်စေပါတယ်နော်။ Gel Type ဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ လိမ်းအိပ်လို့အဆင်ပြေမှာပါ။

၄။ COSRX Ultimate Nourishing Rice Overnight Spa Mask


အိမ်မှာနေရင်း Spa Treatment မျိုးရချင်ရင် COSRX ရဲ့ ဒီ Overnight Spa Mask လေး လိမ်းအိပ်ကြည့်ပါနော်။ အသားခြောက်တဲ့သူတွေ၊ Sensitive သမားတွေအထိ သုံးနိုင်ပြီး သူ့မှာပါတဲ့ ဆန်ဆေးရေနဲ့ Niacinamide တို့ရဲ့အာနိသင်က အသားအရေကို အစိုဓာတ်ဖြည့်ပြီး Glow စေမှာပါ။

၅။ Mamonde Calming Hydro Sleeping Mask


ပန်းနံ့သင်းသင်းလေးပါတဲ့ ဒီတံဆိပ်က အသားနီမြန်းရောင်ရမ်းတာတွေ သက်သာစေတယ်လို့ လူပြောများပါတယ်။ ဒါ့အပြင် အသားအေးပြီး ရေဓာတ်ဖြည့်ပေးနိုင်တာမို့ Dry Skin သမားတွေအတွက် အဆင်ပြေမှာပါ။

၆။ ETUDE HOUSE Moistfull Collagen Sleeping Pack


ဒီ Sleeping Pack ကလည်း စေးကပ်မှုမရှိတဲ့ Gel Type မို့ လိမ်းရပေါ့ပါးတဲ့အပြင် ချွေးပေါက်ပွင့်စေတာကြောင့် အဆီပြန်သမားတွေအတွက် အဆင်ပြေပါတယ်။ နည်းနည်းလေးလိမ်းရုံနဲ့ ထိရောက်တဲ့အပြင် မနက်နိုးတာနဲ့ Skin လေး အိပြီး Glow နေဖို့ ကူညီပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar