ဝက်ခြံ၊ အမာရွတ်ကင်းတဲ့ အသားအရေ စိုစိုပြောင်ပြောင်လေးရဖို့ မိတ်ကပ်ပြင်တာထက် Skincare အဆင့်တွေက ပိုအရေးကြီးတယ်ဆိုတာ ပျိုမေတို့သိပြီးသားဖြစ်မှာပါ။ မှန်ကန်တဲ့ Skincare အဆင့်တွေ ရှိထားတာက သင့်မျက်နှာအသားအရေကို အိုမင်းရင့်ရော်ခြင်းကင်းပြီး အချိန်အတော်ကြာ အရွယ်တင် နုပျိုနေစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပြောင်လဲ့တင်းရင်းတဲ့ သဘာဝအသားအရေလေးရဖို့ ပျိုမေတို့ နေ့စဉ်ပြုလုပ်ပေးသင့်တဲ့ အခြေခံ Skincare Routine အဆင့်တွေကို မျှဝေပေးလိုက်ပါတယ်။

၁။ Exfoliate လုပ်ပါ


Glow Skin ရဖို့ Skincare ပြုလုပ်ရာမှာ အသားအရေအစိုဓာတ်ပေးခြင်းနဲ့ ကြေးချွတ်သန့်စင်ပေးခြင်းတွေ မျှမျှတတရှိဖို့ အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် အသားအရေကိုပုံမှန် Exfoliate လုပ်ပြီး ဆဲလ်သေနဲ့ အညစ်အကြေးတွေ သန့်စင်ပေးဖို့မမေ့သင့်ပါဘူး။

၂။ Cleansing သေချာလုပ်ပေးပါ


နေ့စဉ်သုံးအတွက် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Cleanser တွေကိုသုံးပေးသင့်ပါတယ်။ ကိုးရီးယားသူတွေ လုပ်လေ့ရှိတဲ့ Double Cleansing ပုံစံမျိုးလည်းပြုလုပ်နိုင်ပြီး အဓိကအနေနဲ့ အသားအရေမှာ မိတ်ကပ်အကျန်၊ အဆီ၊ ဖုန်အညစ်အကြေးစတဲ့ အကြွင်းကျန်တွေအားလုံး ဖယ်ရှားပေးရမှာဖြစ်ပါတယ်။ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ပုံမှန်ဖယ်ရှားပေးတာက အရေပြားထဲ Skincare ပစ္စည်းတွေ စိမ့်ဝင်အားကောင်းစေသလို အရွယ်တင်နုပျိုစေဖို့လည်း ထောက်ပံ့ပေးမှာပါ။

၃။ Essence ဒါမှမဟုတ် Serum လိမ်းပေးပါ


Serum ကို အရေပြားအစိုဓာတ်ရပေးနိုင်တဲ့ Hyaluronic Acid ပါဝင်တဲ့ထုတ်ကုန်တွေ အသုံးပြုဖို့အကြံပေးချင်ပါတယ်။ Essence အတွက်ကတော့ ဥပမာအနေနဲ့ အစိုဓာတ်နဲ့ အသားအရေတင်းရင်းမှုကိုအားပေးတဲ့ ခရုကောင်ရဲ့အချွဲ (Snail Mucin) လို အာနိသင်တွေပါတဲ့ ပစ္စည်းမျိုးအသုံးပြုသင့်ပါတယ်နော်။

၄။ Moisturizer လုံလောက်အောင်သုံးပေးပါ


သင့်အသားအရေနဲ့အဆင်ပြေတဲ့ Moisturizer တစ်မျိုးနေ့စဉ်ပုံမှန်သုံးပေးဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ Sensitive အသားအရေရှိသူတွေ၊ အဆီပြန်တတ်သူတွေဆိုရင် ပေ့ါပေါ့ပါးပါးနဲ့ စေးကပ်မှုမရှိ၊ အဆီမပါဝင်တဲ့ Moisturizer မျိုးသုံးပေးသင့်ပါတယ်။

၅။ Sunscreen သုံးပေးပါ


Sunscrreen ကို နေ့တိုင်းပုံမှန်သုံးဖို့အရေးကြီးသလို သင့်အသားအရေအမျိုးအစားနဲ့ အဆင်ပြေပြီး SPF များတဲ့ ထုတ်ကုန်တွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ တောက်ပြောင်သန့်ရှင်းတဲ့ Glow Skin လေးရချင်တာဖြစ်လို့ အစိုဓာတ်မရှိဘဲ အသားခြောက်နေပုံပေါက်စေနိုင်တဲ့ Mattify ပါဝင်တဲ့ Sunscreen တွေကိုတော့ရှောင်ပေးပါ။

၆။ Facial Oil တစ်မျိုးလိမ်းပေးပါ


နောက်ဆုံးအဆင့်အနေနဲ့ သင့်မျက်နှာလေး အရည်လဲ့ပြီး စိုစိုပြောင်ပြောင် Glow နေဖို့အတွက် Facial Oil တစ်မျိုးလိမ်းပေးသင့်ပါတယ်။ ဥပမာအနေနဲ့ Jojoba အဆီ၊ Tea Tree အဆီစတဲ့ ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Essential Oil တစ်မျိုးလိမ်းပေးနိုင်ပါတယ်။ ဝက်ခြံထွက်လွယ်ပြီး Sensitive အသားအရေရှိ သူတွေဆိုရင်တော့ Oil တွေနဲ့မတည့်တာမျိုးဖြစ်နိုင်တာကြောင့် မလိမ်းခင်စမ်းကြည့်ပြီး တစ်ခါတစ်ရံမှသာ အသုံးပြုပေးပါ။

Photo Source: Pinterest

By MyStyle Myanmar