ချွေးပေါက်ကျယ်ရင် အဆီတွေပိုပြန်လာတော့ အဆင်မပြေပါဘူး။ ဒါကြောင့်လည်း ချွေးပေါက်ကျယ်ရင် ချွေးပေါက်ကျဉ်းအောင် လုပ်ကြတာပါ။ တစ်ခါတစ်လေကျရင် ချွေးပေါက်တွေပိုကျယ်လာအောင် လုပ်မိနေတဲ့အမှားတွေလည်း ရှိပါတယ်။ ဒီအမှားတွေထဲမှာ ကိုယ်တိုင်လုပ်နေမိတာတွေ ရှိရင်လည်း ပြင်ဆင်လို့ရအောင် ပြောပြပေးလိုက်ပါတယ်။

အရမ်းပြင်းတဲ့ Cleanser တွေသုံးခြင်း

အရမ်းပြင်းတဲ့ cleanser တွေကို နေ့ရောညပါသုံးနေရင် ချွေးပေါက်တွေကျယ်ပြီး အသားအရေ ကြမ်းလာတာမျိုး ဖြစ်တတ်ပါတယ်။

Makeup Remover နဲ့မဖျက်ခြင်း

Makeup တွေလိမ်းပြီး makeup remover နဲ့မဖျက်ရင် အသားအရေပျက်စီးပါတယ်။ ဒါ့အပြင် ချွေးပေါက်တွေကျယ်ပြီး အဆီဖုနဲ့ဝက်ခြံတွေပါ ထွက်လာနိုင်ပါတယ်။

အဆီစုပ်စက္ကူခဏခဏသုံးခြင်း

အဆီပြန်တယ်ဆိုပြီး အဆီစုပ်စက္ကူသုံးရင် အဆီတွေပါသွားပေမယ့် ခဏခဏသုံးရင်တော့ ချွေးပေါက်တွေ ပိုကျယ်လာပါလိမ့်မယ်။

ဆားဝက်ခြံ၊ အဆီဖုနဲ့ ဝက်ခြံတွေကို ညှစ်ခြင်း

ဆားဝက်ခြံ၊ အဆီဖုနဲ့ ဝက်ခြံတွေကို လက်နဲ့ အတင်းညှစ်တာ၊ ဝက်ခြံညှစ်တဲ့အတံနဲ့ ထိုးဆွပြီး ညှစ်တာမျိုးတွေက ချွေးပေါက်တွေ ပိုကျယ်လာစေပါတယ်။ ဆားဝက်ခြံကပ်ခွာ သုံးတာလည်း ချက်ချင်းပြောင်သွားပေမယ့် ခဏခဏလုပ်ရင် ချွေးပေါက်တွေ ပိုကျယ်လာပါတယ်။

Exfoliate ခဏခဏလုပ်ခြင်း

Exfoliate လုပ်တာက dead skin cells တွေကို ဖယ်ရှားပေးလို့ တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးသင့်ပါတယ်။ ဒါပေမယ့် တစ်ပတ်တစ်ခါထက်ပိုပြီး ခဏခဏလုပ်နေရင်တော့ ချွေးပေါက်တွေကျယ်လာပြီး အသားအရေက sensitive ဖြစ်လာမှာပါ။

Sunscreen မလိမ်းခြင်း

Sunscreen မလိမ်းရင် အသားအရေပျက်စီးပြီး ချွေးပေါက်တွေကျယ်လာတာ၊ တင်းတိတ်တွေထွက်လာတာမျိုး ဖြစ်လာမှာပါ။