Skincare လုပ်တာနဲ့ပတ်သက်ပြီး ချွေးပေါက်တွေပိုကျယ်လာအောင် လုပ်မိနေတဲ့အမှားတွေ ရှိပါတယ်။ ကိုယ်တိုင်လုပ်မိနေတာတွေရှိရင်လည်း ပြင်ဆင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်။

အဆီစုပ်စက္ကူခဏခဏသုံးခြင်း

အဆီစုပ်စက္ကူ ခဏခဏသုံးတာက လိုအပ်တဲ့ အရေပြားပေါ်ကအဆီတွေပါ ကုန်ဆုံးစေတဲ့အတွက် အသားအရေ ထိခိုက်စေပါတယ်။ ကြာလာရင် ချွေးပေါက်တွေလည်း ပိုကျယ်လာစေပါတယ်။

ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံညှစ်ခြင်း

ဆားဝက်ခြံ၊ အဆီဖု၊ ဝက်ခြံတွေကို ဒီတိုင်းမထားပဲ လက်နဲ့ညှစ်တာတွေက အပေါက်တွေဖြစ်ပြီး ချွေးပေါက်တွေ ပိုကျယ်လာစေပါတယ်။ ဘတ်တီးရီးယားတွေလည်း ဝင်စေပါတယ်။ ဒါ့အပြင် ညှစ်လိုက်တဲ့အတွက် အနာဖြစ်ပြီး အမာရွတ်ကျန်ခဲ့ပါလိမ့်မယ်။

Exfoliating ခဏခဏလုပ်ခြင်း

Exfoliating လုပ်တာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အညစ်အကြေးတွေ သန့်စင်ပေးပါတယ်။ ဒါပေမယ့် တစ်ပတ်မှာ ၁ ခါ၊ ၂ ခါ ထက်ပိုပြီး လုပ်နေမယ်ဆိုရင်တော့ ချွေးပေါက်တွေကျယ်လာမှာပါ။ အသားအရေက ခြောက်သွေ့ပြီး ချွေးပေါက်တွေ ပွင့်လာပါလိမ့်မယ်။ အသားအရေကလည်း sensitive ဖြစ်လာပါတယ်။

မိတ်ကပ်ခဏခဏထပ်လိမ်းခြင်း

မိတ်ကပ်လိမ်းထားပြီး ခဏနေရင် အပေါ်ကနေ မိတ်ကပ်တွေ ခဏခဏထပ်လိမ်းနေတာ၊ ပျက်သွားမှာစိုးလို့ဆိုပြီး ထပ်ပြင်နေတာတွေက အရေပြားပေါ်က အဆီတွေ၊ အညစ်အကြေးတွေနဲ့ ထပ်လိမ်းလိုက်တဲ့ မိတ်ကပ်တွေနဲ့ရောပြီး ဝက်ခြံပေါက်တာမျိုးတွေ ဖြစ်စေပါတယ်။ ဝက်ခြံပေါက်ပြီး အဆီတွေပိုပြန်လာစေပါတယ်။ အဆီပြန်လာရခြင်းကတော့ ချွေးပေါက်တွေကျယ်လာလို့ပါပဲ။

Sunscreen မလိမ်းခြင်း

Sunscreen မလိမ်းရင် နေရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက်စီးပြီး ရှိသင့်တဲ့ collagen တွေလည်း ဆုံးရှုံးစေပါတယ်။ အသားအရေပျက်စီးလာတာနဲ့အမျှ အမဲစက်တွေထွက်လာပြီး ချွေးပေါက်တွေလည်း ကျယ်လာစေပါတယ်။

အစားအသောက်

Dairy products တွေ alcohol နဲ့ သကြားဓာတ်များတဲ့ အစားအသောက်တွေ၊ အရမ်းစပ်တာတွေ၊ ဆီကြော်မုန့်တွေ အရမ်းစားရင်လည်း ချွေးပေါက်တွေကျယ်ပြီး ဝက်ခြံနဲ့ အဆီဖုတွေထွက်စေပါတယ်။ အသားအရေက ကြာလာရင် acne-prone skin ဖြစ်လာနိုင်ပါတယ်။