ရင်သားဆိုတာ အမျိုးသမီးတို့ရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာတစ်ခုဆိုလည်း မမှားပါဘူး။ ရင်သားတွဲကျနေတာကို ပြန်ပြီး တင်းရင်းလှပစေဖို့အတွက် ခွဲစိတ်တာမျိုးမလုပ်ဘဲ ယောဂလေ့ကျင့်ခန်း ပြုလုပ်ပြီး ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် လုပ်ပေးမယ်ဆိုရင် ပိုပြီးကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ရင်သားအတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းကို မျှဝေပေးသွားပါမယ်။

၁။ အရင်ဆုံး ခြေထောက်နှစ်ဖက်က ကို ကားထားလိုက်ပါ။ ဘယ်ဖက်ခြေဖဝါးကို ၉၀ ဒီဂရီ စောင်းထားပြီး ညာဖက်ခြေထောက်ကို အရှေ့တန်းတန်းပဲထားပါ။ ပြီးရင် ဘယ်ဖက် ဒူးကို ကွေးလိုက်ပါ။ ညာဖက်ခြေထောက်ကို တန်းတန်းထားပြီး လက်နှစ်ဖက်ကို မကာ တန်းတန်းဆန့်လိုက်ပါ။

ဦးခေါင်းကို ဘယ်ဖက်လှည့်လိုက်ပြီး လက်ဖဝါးကို ကြည့်ထားပါ။ အဲဒီအတိုင်း ၁၅ စက္ကန့်လောက်နေပေးပြီး နဂိုအတိုင်းပြန်နေပါ။ ၇ ကြိမ်ကနေ ၁၀ ကြိမ်ထိလုပ်ပေးပြီး ညာဖက်ကို ပြောင်းပေးပါ။

၂။ ခြေထောက်နှစ်ဖက်ကို ခွဲထားပါ။ ပြီးရင် ဘယ်ဖက်ခြေထောက်ကို ၉၀ ဒီဂရီလောက် လှည့်လိုက်ပြီး ညာဖက်ခြေထောက်ကို ၁၅ ဒီဂရီလောက် လှည့်ပေးပါ။ဘယ်ဖက် ခြေချောင်းကို ဘယ်ဖက်လက်နဲ့ ထိပေးထားပါ။ ညာဖက်လက်ကိုတော့ အပေါ်တန်းတန်းမြောက်ပေးထားပါ။ ဒူးခေါင်းကိုလည်း တန်းတန်းမတ်မတ် ထားပေးပါ။ မျက်နှာကို ညာဖက်လက်ချောင်းကို ကြည့်ပေးထားပါ။

ပြီးရင် နောက်တစ်ဖက် ပြောင်းပေးလိုက်ပါ။ ၅ ကြိမ်လောက်လုပ်ပေးပါ။

၃။ အရင်ဆုံး ခန္ဓာကိုယ်ကို မှောက်လျက်လှဲနေလိုက်ပါ။ ဗိုက်နဲ့ထိထားပြီး အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်းပေးပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းဖြည်းလေး ကြွပေးပြီး လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ ထောက်ထားပါ။ ခေါင်းကို အပေါ်မော့ထားပါ။ ပြီးရင် အသက်ကို ခပ်ဖြည်းဖြည်းလေး ပြန်ရှူထုတ်လိုက်ပြီး နဂိုအတိုင်းပြန်နေပါ။ အဲဒီအတိုင်း ၁၅ စက္ကန့်လောက်နေပေးပြီး ခဏနားပါ။ ပြီးရင် ၅ ကြိမ်လောက်လုပ်ပေးပါ။ (ခါးနာတတ်သူမလုပ်ရပါ)

၄။ အရင်ဆုံး မှောက်လျက်လှဲနေလိုက်ပါ။ ပြီးရင် အသက်ကို ခပ်ပြင်းပြင်းလေရှူထုတ်ပြီး ဒူးကိုကွေးလိုက်ကာ မြောက်ပေးပါ။ ပြီးရင် အသက်ရှူသွင်းပီး လက်နဲ့ ခြေထောက်ကို ကိုင်ပေးထားပါ။ ပြီးရင် ပြန်ရှူထုတ်လိုက်ပြီး သင့်ရဲ့ တင်သားနဲ့ ရင်သားဟာ ကြမ်းပြင်နဲ့ ထိမနေရပါဘူး။ ဝမ်းဗိုက်နဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရမှာပါ။ စက္ကန့် ၃၀ လောက်နေပေးပါ။ ပြီးရင်နဂိုအတိုင်းပြန်နေပါ။ တစ်ကြိမ်ပြီးရင် ၁၅ စက္ကန့်လောက်နားပြီး ၅ကြိမ်လုပ်ပါ။ (ခါးနာတတ်သူမလုပ်ရပါ။)

၅။ အရင်ဆုံး ခန္ဓာကိုယ်ကို မတ်မတ်ရပ်ထားပါ။ ပြီးရင် ခန္ဓာကိုယ်ကို အနောက်ဖက်လှန်ချပြီး လက်နှစ်ဖက်နဲ့ ထောက်ထားပါ။ ဒီအတိုင်း စက္ကန့် ၃၀ လောက်နေပါ။ တစ်ကြိမ်ပြီးရင် ၁၅ စက္ကန့်လောက်နားပြီး ၅ကြိမ်လုပ်ပါ။(ခါးနာတတ်သူမလုပ်ရပါ။)

၆။ အရင်ဆုံး ဒူးထောက်ထားပြီး နေပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို ခြေဖနှောင့်ကို ကိုင်ထားပေးပြီး ခေါင်းကို အပေါ်မော့ထားပေးပါ။ စက္ကန့် ၃၀ လောက်ပြေီး နဂိုအတိုင်းပြန်နေပါ။ တစ်ကြိမ်ပြီးရင် ၁၅ စက္ကန့်လောက်နားပြီး ၅ကြိမ်လုပ်ပါ။(ခါးနာတတ်သူမလုပ်ရပါ။)

Featured Image Source: Blog For Yoga