ခဏခဏ စိတ်ရှုပ်ထွေးပြီး စိတ်မတည်ငြိမ်တာ၊ စိတ်တိုဒေါသထွက်တာ ဖြစ်လွယ်တဲ့သူတွေအတွက် Stress တွေလျော့ကျပြီး စိတ်တည်ငြိမ်စေဖို့ ကူညီပေးမယ့် ရိုးရှင်းသော ယောဂကျင့်စဉ် ၆ မျိုးကို မျှဝေပေးလိုက်ပါတယ်။
Supine Core Pose
ပုံမှာလုပ်ပြထားတဲ့အတိုင်းလုပ်ပြီး ၁၅ စက္ကန့်နေပေးပါ။ အချိန်ပြည့်ရင် ခြေထောက်ကို ဘယ်ညာပြောင်းမြှောက်ပြီး နောက်ထပ် ၁၅ စက္ကန့် ထပ်နေပေးပါ။ ဒီလိုလုပ်နေချိန်မှာ မျက်စိမှိတ်ပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။
Cat Tail
ပုံမှာလုပ်ပြထားတဲ့အတိုင်း သေချာတူအောင် လုပ်ပေးပါ။ အဲ့အနေအထားနဲ့ ၃ မိနစ်မှ ၅ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးပါ။ အချိန်ပြည့်မှ ဘယ်ညာပြောင်းပြီး ထပ်လုပ်ပေးပါ။ ဒီလိုလုပ်နေချိန်မှာလည်း မျက်စိမှိတ်ပြီး အသက်ကို ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။
Melting Heart
ပုံမှာလုပ်ပြထားတဲ့အတိုင်း ၃ မိနစ်မှ ၅ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် နေပေးရုံပါပဲ။
Standing Forward Bend
မတ်တပ်ရပ်ပြီး ခါးတစ်ဝက်ကနေ အရှေ့ကို ကုန်ပေးပါ။ ပြီးရင် လက်ဖဝါးက ပုံမှာလုပ်ပြထားသလို တံတောင်ကိုကိုင်ထားရပါမယ်။ အဲ့အနေအထားနဲ့ မျက်စိမှိတ်၊ အသက်ကို ပုံမှန် ရှူသွင်းရှူထုတ်လုပ်ပြီး စက္ကန့် ၃၀ မှ ၁ မိနစ်အထိ အဆင်ပြေသလောက် နေပေးပါ။
Happy Baby
Happy Baby Pose နဲ့ ၁ မိနစ်နေပေးရမှာပါ။ အချိန်ပြည့်ရင် ခြေထောက်ပြန်ချပြီး နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်လောက် ထပ်လုပ်ပေးပါ။
Goddess Pose
ပုံမှာလုပ်ပြထားတဲ့အတိုင်း စက္ကန့် ၃၀ နေပေးရုံပါပဲ။ အချိန်ပြည့်ရင် မတ်တပ်ရပ်၊ ပြီးရင် နောက်တစ်ခေါက် ထပ်လုပ်ပေးရင် ရပါပြီ။