လိုတာထက် ပိုပြောတတ်တဲ့ အကျင့်က ရေရှည်မှာ မကောင်းသလို ပြောတဲ့သူအတွက်လည်း ဆွဲဆောင်မှု ကျဆင်းစေပါတယ်။ လျို့ဝှက်ချက် မထားဘဲ အတိအကျ ရှင်းပြတတ်တဲ့ မိန်းကလေးတွေဟာ ဆန့်ကျင်ဘက် လိင်အမျိုးသားတွေရဲ့ စိတ်ဝင်စားမှုကို သိပ်မရကြဘူးလို့ သိရပါတယ်။

ဒီလို လိုတာထက် ပိုပြောတတ်တဲ့ အကျင့်ကို ကိုယ် စိတ်လှုပ်ရှားနေတဲ့အချိန်၊ လူတစ်ဘက်သားကို အယုံအကြည်လွန်တတ်သူတွေ၊ Attention လိုချင်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ သင်က ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်စေ လိုတာထက် ကိုယ့်အကြောင်းကို ပြောတတ်သူဆိုရင် ဒီနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြင်ဆင်နိုင်ပါတယ်။

၁။ အခုသိဖို့လိုလား

သင်က လူတစ်ယောက်နဲ့ စကားပြောတဲ့အချိန် စကားပိုတွေ ပြောလာမိပြီဆိုတာနဲ့ “ဒီအကြောင်းအရာကို အခုပြောဖို့ လိုလို့လား” ဆိုပြီး တွေးသင့်ပါတယ်။ အကြောင်းအရာ အများစုက အခုမပြောလည်း ဘာမှမဖြစ်တဲ့ဟာ များပါတယ်။ ဒီလိုဆိုရင် သင့်ကိုယ်သင် ထိန်းချုပ်လာနိုင်ပါလိမ့်မယ်။

၂။ ကိုယ့်စကားလုံးတွေက တန်ဖိုးရှိတယ်

သင်က လိုတာထက် ပိုမပြောမိခင် သင့်စကားလုံးတိုင်းက တန်ဖိုးရှိတယ်လို့ မှတ်ထားသင့်ပါတယ်။ ဒီလို မှတ်ထားပြီး လိုတဲ့ စကား၊ လိုတဲ့ အဖြေကိုပဲ ပေးသင့်ပါတယ်။

၃။ ကိုယ့်အကြောင်းကိုယ် ပြောလို့ ကောင်းတာ ဘာမှ မရလာနိုင်ဘူး

သင့်အကြောင်းချည်းပဲ ပြောပြီး တခြားသူနဲ့ အပြန်အလှန် မဆက်သွယ်နိုင်ပါဘူး။ သူများပြောတာကို နားထောင်ပေးသင့်ပြီး ကိုယ်ပြောခါနီးတိုင်း အသက်ရှူပြီးမှ အေးဆေးပြောသင့်ပါတယ်။

၄။ စည်းခြားပါ

ဘယ်အကြောင်းကိုတော့ လူတွေဆီ မပြောပြဘူးဆိုတာမျိုး စည်းခြားထားသင့်ပါတယ်။ ကိုယ်က တခြားသူတွေနဲ့ ဘယ်အကြောင်းအရာတွေ ပြောရတဲ့အထိ သက်သောင့်သက်သာရှိလဲ ဆန်းစစ်နေသင့်ပါတယ်။

၅။ ကိုယ့် Social Media Setting ကို စစ်ဆေးပါ

ကိုယ်က ဘယ်လောက်ထိ ကိုယ့်အကြောင်းကို Social Media ပေါ် ချပြနေပြီလဲ ပြန်စစ်သင့်ပါတယ်။ ပြင်သင့်တဲ့ Setting ကို ပြန်ပြင်သင့်ပါတယ်။

၆။ ကိုယ့်အကြောင်းကိုယ် သိအောင် အမြဲ ဆန်းစစ်နေပါ

ဘယ်အချိန်မှာ ကိုယ်က လိုတာထက် ပိုပြောတတ်သွားလဲ၊ ဘယ်လို အရာတွေကို ​ရှောင်ရမလဲ၊ ဘယ်လိုပြင်ဆင်ရင် အဆင်ပြေမလဲ စသဖြင့် ကိုယ့်အကြောင်းကိုယ် သိအောင် အမြဲကြိုးစားနေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar