စိတ်ညစ်စရာတွေများတဲ့ကာလမှာ လူတိုင်းက Mental Health ထိခိုက်လာကြပါတယ်။ အနည်းနဲ့အများပဲ ကွာတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ ဒီလို Mental Health ပိုမိုကောင်းမွန်လာစေဖို့အတွက် ကူညီပေးနိုင်မယ့် အရိုးရှင်းဆုံးအရာ ၆ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကြောင့် စိတ်သက်သာရာရပြီး အရင်ထက်တော့ Mental Health က ပိုမိုကောင်းမွန်လာမှာပါ။

တစ်စုံတစ်တယောက်နဲ့စကားပြောပါ

တော်တော်များများက စိတ်ညစ်ပြီဆိုရင် ဘယ်သူနဲ့မှစကားမပြောတော့ပဲ ငြိမ်သက်သွားပြီး တစ်ယောက်ထဲနေလေ့ရှိကြပါတယ်။ ဒီလိုလုပ်တာဟာ စိတ်အခြေအနေ ပိုးဆိုးသွားစေပါတယ်။ ဒါကြောင့် စိတ်ညစ်နေချိန်မှာ တစ်စုံတစ်ယောက်နဲ့ အမြဲတမ်း စကားပြောပေးနေမယ်ဆိုရင်တော့ ပုံမှန်ထက်ပိုပြီး စိတ်သက်သာရာရလာပါလိမ့်မယ်။

စာအုပ်ဖတ်ပါ

စိတ်ညစ်နေချိန်မှာ လူတွေနဲ့ သိပ်စကားမပြောချင်ဘူးဆိုရင်တောင် အိပ်ယာထဲပဲနေတာမျိုး မလုပ်ပါနဲ့။ အတွေးတွေပိုများလာပြီး စိတ်ပိုပင်ပန်းရပါတယ်။ ဒါကြောင့် တစ်ယောက်ထဲနေချင်တဲ့အချိန်မှာ စာအုပ်တွေဖတ်ပေးပါ။ စိတ်တည်ငြိမ်စေပြီး စိတ်ညစ်စရာတွေကို မေ့သွားစေပါတယ်။

လမ်းလျှောက်ပါ

စိတ်တွေညစ်ပြီး အရမ်းမွန်းကြပ်လာတဲ့အခါ ဝရံတာ (သို့) ခြံထဲ လမ်းထွက်လျှောက်တာမျိုး လုပ်ပေးပါ။ အိမ်ထဲမှာပဲနေရင် ပိုငြီးငွေ့ပြီး မွန်းကြပ်နေပါလိမ့်မယ်။ မနက်အိပ်ယာနိုးတာနဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးတာမျိုးကိုလည်း အကျင့်တစ်ခုလိုလုပ်ရပါမယ်။

သီချင်းနားထောင်ပါ

စိတ်ညစ်နေချိန်မှာပဲဖြစ်ဖြစ်၊ မွန်းကြပ်နေချိန်မှာပဲဖြစ်ဖြစ် မျက်လုံးလေးမှိတ်ပြီး ကိုယ်ကြိုက်တဲ့သီချင်းတွေ နားထောင်လိုက်ရရင် စိတ်သက်သာရာရပြီး အရင်ထက်ပို နေလို့ကောင်းသွားပါတယ်။

အစာပုံမှန်စားပါ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် အစားအသောက်ကလည်း အရမ်းကို အရေးကြီးပါတယ်။ စားချင်စိတ်မရှိလည်း ဝင်အောင်စားရပါမယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ချိန်တွေမမှန်ပဲ အိပ်ရေးပျက်ရင် Mental Health ပိုထိပါတယ်။ စိတ်ညစ်စရာတွေများတဲ့ ကာလမှာဆို ပိုဆိုးပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင် စောစောအိပ်ပါ။ အချိန်မှန် အိပ်ပေးပါ။ ညသန်းခေါင်ထိ မအိပ်ပဲနေတာမျိုးတွေ မလုပ်သင့်ပါဘူး။

Source:www.lifehack.org