ဝိတ်ချတဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်တယ် Diet လုပ်တာတွေအပြင် ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲတာကလည်း အထောက်အကူဖြစ်စေပါတယ်။ သင့်ရဲ့ အလေ့အကျင့်တွေကို ပြောင်းလဲလိုက်တဲ့အခါ ဝိတ်ကျဖို့လည်း ပိုလွယ်ကူသွားစေပါတယ်။ ဘာအလေ့အကျင့်တွေလဲဆိုတော့-

၁။ လှေကား


သင့်အိမ်မှာ လှေကားများလေ ကောင်းလေပါပဲ။ ဓာတ်လှေကားနဲ့ လှေကားနှစ်မျိုးရှိရင် လှေကားကိုပဲ ရွေးချယ်ပါ။ လှေကားတက်တာကလည်း သင့်ကို ဝိတ်ကျစေပါတယ်။

၂။ ဖြည်းဖြည်းဝါးစားပါ


ဗိုက်ဆာတယ်ဆိုပြီး မြန်မြန်စားလိုက်တာမျိုးမလုပ်ပါနဲ့။ ကိုယ်စားတဲ့ အစားအသောက်ကို အာရုံစိုက်ပြီး ဖြေးဖြေးလေး စားပေးပါ။

၃။ သွားတဲ့နေရာတိုင်း မုန့်ယူသွားပါ


အပြင်စာတွေက သင့်ကိုဝိတ်တက်စေပါတယ်။ သင်သွားလေရာ မုန့်ဆောင်သွားတယ်ဆိုရင် ဝိတ်တက်ဖို့ အခွင့်အလမ်းကို လျှော့ချရာရောက်ပါတယ်။

၄။ တီဗီရှေ့မှာ ဘယ်တော့မှ မစားပါနဲ့


တီဗီရှေ့မှာ စားတဲ့အချိန် သင်မသိလိုက်ဘဲ ပိုစားမိနေပါလိမ့်မယ်။ တီဗီကလာတဲ့ အစီအစဉ်က သင့်အတွက် စိတ်ဝင်စားဖို့ကောင်းလေ သင် ပိုစားမိဖို့ အခွင့်အရေး များလေပါပဲ။

၅။ YouTube ပေါ်က ဝိတ်ကျလေ့ကျင့်ခန်း ဗီဒီယိုတွေ


YouTube ပေါ်မှာ ဝိတ်ကျလေ့ကျင့်ခန်းဗီဒီယိုတွေ အများအပြားပါပဲ။ ကပြီးဝိတ်ချတဲ့ ဗီဒီယိုတွေလည်းရှိပါတယ်။ ဒါတွေကို ကြည့်ပြီး သင်ပါ ပုံမှန်လိုက်လုပ်ပေးပါ။

၆။ ရေပုံမှန်သောက်ပေးပါ


အလုပ်များပြီး ရေမသောက်ဘဲ နေတာမျိုးမလုပ်ပါနဲ့။ ဝိတ်ကျဖို့အတွက် ရေများများသောက်ခြင်းကလည်း အထောက်အကူဖြစ်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar