ဆံကြောင်းတစ်လျှောက်မှာ ဆံပင်တွေကျဲလာတယ်၊ ပါးလာတယ်လို့ ခံစားရတဲ့သူတွေအတွက် ဆံပင်ပြန်ပေါက်ပြီး အုံထူထူလေးဖြစ်လာအောင် ကိုယ်တိုင်အလွယ်လုပ်ပြီး ထိန်းသိမ်းနိုင်မယ့် အိမ်တွင်းဖြစ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ဆီးဖြူသီး


ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာ၀ ဆီးဖြူသီးက ဆံသားပြဿနာတွေကိုသက်သာစေပြီး ဆံပင်သန်လာစေပါတယ်။ အမှုန့်ကြိတ်ထားတဲ့ ဆီးဖြူသီးကို သံပယိုရည်အနည်းငယ်နဲ့ရောပြီး အနှစ်ရအောင်မွှေပေးပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံသားမှာလိမ်းပြီး ခြောက်အောင်ထားရပါမယ်။ ပြီးရင်တော့ ရေအေးနဲ့ပြန်ဆေးချပေးပါ။ တစ်ပတ်တစ်ခါလောက်ပြုလုပ်နိုင်ပြီး ဦးရေပြားမှာ ပွန်းပဲရာနဲ့ ဒဏ်ရာတစ်ခုခုရှိသူတွေကတော့ သံပယိုသီးမပါဘဲ ဆီးဖြူသီးအမှုန့်သီးသန့် လိမ်းတာမျိုး လုပ်နိုင်ပါတယ်။

၂။ မန်ကျည်းသီး


မန်ကျည်းသီးကလည်း ဆံသားသန်စွမ်းဖို့ သုံးနိုင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်ပါတယ်။ မန်ကျည်းသီးကို အမှုန့်ကြိတ်ပြီး ခေါင်းမှာလိမ်းတာ ဒါမှမဟုတ် မန်ကျည်းသီးအာနိသင်ပါတဲ့ သဘာဝခေါင်းလျှော်ရည်တွေ သုံးတာမျိုး လုပ်ပေးတာက သင့်ဆံပင်ကိုအုံထူပြီး ဆံပင်ကျွတ်သက်သာလာစေမှာပါ။

၃။ Aloe Vera


Aloe Vera က ခန္ဓာကိုယ်တစ်ခုလုံးအတွက်အကျိုးရှိတာမို့ ဆံသားအတွက်လည်း အလားတူပါပဲ။ သူ့မှာပါတဲ့ Enzymes အာနိသင်က ဦးရေပြားအတွင်းပိုင်းက ဆဲလ်သေတွေဖယ်ရှားပေးပြီး ဆံသားမွှေးညှင်းပေါက်တွေကို အားဖြည့်ပေးနိုင်ပါတယ်။ အရောအနှောမရှိတဲ့သဘာ၀ Aloe Vera Gel ကို ဦးရေပြားမှာလိမ်းပြီး မိနစ် ၃၀ လောက်ထားပေးပါ။ ပြီးနောက်မှာတော့ ရေနဲ့ဆေးပြီး ခေါင်းလျှော်နိုင်ပါတယ်။ ပုံမှန်လုပ်ပေးမယ်ဆိုရင် နှစ်ပတ်၊ သုံးပတ်အတွင်း သိသာလာပါလိမ့်မယ်။

၄။ ကြက်သွန်နီ


ကြက်သွန်နီကထွက်တဲ့အရည်က အရေပြားအတွင်း Collagen ထုတ်လုပ်မှုတိုးစေတာကြောင့် ဆံပင်ကျွတ်သက်သာပြီး ဆံပင်သန်လာအောင်ထောက်ပံ့ပေးနိုင်ပါတယ်။ ကြက်သွန်နီကို ကြိတ်ပြီး အရည်ညစ်ကာ ရလာတဲ့အရည်ကို ဝါဂွမ်းလေးနဲ့ ယူပြီး ဦးရေပြားမှာလိမ်းပေးပါ။ စိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်လိမ်းထားပြီးနောက် ခေါင်းပြန်လျှော်နိုင်ပါတယ်။

၅။ ကြက်ဥ


ကြက်ဥကလည်း ဆံသားအတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။ ကြက်ဥနဲ့ သံလွင်ဆီအနည်းငယ်ကိုရောပြီး အနှစ်ရအောင်လုပ်ပေးပါ။ ပြီးရင်တော့ ဆံသားမှာလိမ်းပြီး မိနစ် ၂၀ လောက် ပေါင်းတင်ပေးထားရုံပါပဲ။ တစ်ပတ်နှစ်ကြိမ်လောက်အထိ လုပ်နိုင်ပါတယ်။

၆။ ဦးရေပြားကို နှိပ်နယ်ပြီး message လုပ်ပေးပါ


ဦးရေပြားတစ်ဝိုက် ဖြေးဖြေးချင်းနှိပ်နယ်ပေးတာက သွေးလည်ပတ်မှုကောင်းပြီး ဆံပင်သန်လာဖို့ ကူညီပေးနိုင်ပါတယ်။ ဆံပင်အရှည်လည်းမြန်စေတဲ့အပြင် ဦးရေပြားယားယံခြင်းကိုပါ သက်သာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar