ဆံသားမပျက်စီးစေဖို့အတွက် ရိုးရှင်းတဲ့ ဆံသားထိန်းသိမ်းနည်း ၆ ခုကို မျှဝေပေးလိုက်ပါတယ်။ တကူးတက ဆိုင်သွားပြီး Treatment လုပ်တာမျိုးတွေ၊ နည်းလမ်းအများကြီးနဲ့ ထိန်းသိမ်းတာမျိုးတွေ မလုပ်နိုင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

ပုံမှန်ခေါင်းလျှော်ပါ

ခဏခဏခေါင်းလျှော်တာမျိုးလည်း မလုပ်ပါနဲ့၊ ခေါင်းမလျှော်ပဲအကြာကြီးနေတာမျိုးလည်း မလုပ်ပါနဲ့။ တစ်ပတ်ကို ၁ ကြိမ်၊ ၂ ကြိမ် ပုံမှန်လျှော်ပေးရင် ရပါပြီ။ ဆံပင်ကျွတ်တဲ့သူဆိုရင် ဆံပင်ကျွတ်သက်သာစေတဲ့ ခေါင်းလျှော်ရည်သုံးပြီး ဆံသားခြောက်သွေ့တဲ့သူဆိုရင် ဆံသားအာဟာရဓာတ် ရရှိစေတဲ့ ခေါင်းလျှော်ရည် စသဖြင့် ကိုယ့်ဆံသားနဲ့ကိုက်ညီတာမျိုးကို ရွေးသုံးပေးပါ။

Conditioner or Hair Mask သုံးပါ

ခေါင်းလျှော်ရည်တစ်မျိုးထဲမသုံးပါနဲ့။ ဆံသားမပျက်စီးစေဖို့ ဆံသားပျော့ပြီး ကျန်းမာလှပစေဖို့အတွက် Conditioner or Hair Mask ကိုလည်း ခေါင်းလျှော်တိုင်းမှာ သုံးပေးပါ။

Hair Oil လိမ်းပါ

ဆံသားကအဆီဓာတ်မရှိပဲ ခြောက်သွေ့နေရင် ဆံပင်ကျွတ်တာ၊ ဆံသားဖွာပြီး ငြိတာတွေ ဖြစ်လွယ်ပါတယ်။ ဒါကြောင့် Hair Oil အမြဲလိမ်းပါ။ နေ့တိုင်းလိမ်းပေးပါ။

ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေသုံးတာလျှော့ပါ

ဆံသားမပျက်စီးစေဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေသုံးတာကိုလည်း လျှော့ပေးရပါမယ်။ ဒါတွေက ဆံသားပျက်စီးစေပါတယ်။

ဆံပင်ခဏခဏဆေးမဆိုးပါနဲ့

ဆံပင်က Chemical တွေထိတာများရင် ပျက်စီးပါတယ်။ ဒါကြောင့် ဆံပင်ကို ခဏခဏဆေးဆိုးတာမျိုး မလုပ်ပါနဲ့။ ဆေးဆိုးမယ်ဆိုရင်လည်း ဆံသားပျက်စီးမှုနည်းအောင် ဆေးကောင်းပဲသုံးပေးသင့်ပါတယ်။

Supplement သောက်ပါ

ဆံသားပျက်စီးတာမျိုးမဖြစ်အောင် ဆံသားကျန်းမာစေဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ပဲဖြစ်ဖြစ်၊ စိတ်ချရတဲ့ Supplement တစ်ခုခုသောက်ပေးတာမျိုးလည်း ရပါတယ်။