အသက်နှစ်ဆယ်နှောင်းပိုင်းနဲ့ သုံးဆယ်ကျော်တွေမှာ အရေပြားကို တင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုက တဖြည်းဖြည်းနဲ့ လျော့ပါးလာပါပြီ။ ဒါ‌ပေမယ့် အသက်အရွယ်ကြောင့် ကော်လာဂျင်ထုတ်လုပ်မှုနှုန်းဆုံးရှုံးတာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

1. နေရောင်ခြည်ဒဏ်ကိုကာကွယ်ပါ

ခရမ်းလွန်ရောင်ခြည်က ကော်လာဂျင်ထုတ်လုပ်မှုကို ပျက်စီးစေပြီး ထုတ်လုပ်မှု ကျဆင်းစေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို လုံလောက်စွာ ကာကွယ်ဖို့အတွက် အနည်းဆုံး SPF 15 ပါတာသုံးဖို့ အရေးကြီးပါတယ်။

2. ရေနွေးကြမ်းနဲ့ ဂျင်းပြုတ်ရည်သောက်ပေးပါ

Phytochemicals တွေက ဆဲလ်များ Oxidative ပျက်စီးမှုကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက် အပင်ဒြပ်ပေါင်းများဖြစ်တာကြောင့် ရေနွေးကြမ်းနဲ့ ဂျင်းပြုတ်ရည်တို့ကို များများသောက်ပေးပါ။

3. Collagen ကြွယ်ဝသော အစားအစာများစားပေးပါ

အရိုးဟင်းရည် တူနာ သို့မဟုတ် ဆော်လမွန်တို့လိုငါးတွေ ၊ နို့ထွက်ပစ္စည်း ၊ အခွံမာသီးနဲ့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက ကော်လာဂျင်ထုတ်လုပ်မှုကို အထောက်အကူပြုတာကြောင့် မကြာမကြာစားပေးပါ။

4. အဆီနဲ့သကြားလျှော့စားပါ

ပြုပြင်ထားတဲ့ အစားအစာတွေက ကော်လာဂျင်နဲ့ Elastin ထုတ်လုပ်မှုကို ထိခိုက်စေတာကြောင့် အတတ်နိုင်ဆုံး လျှော့စားသင့်ပါတယ်။

5. ရေသောက်ပါ

ဆဲလ်အသေတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့နဲ့ ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားဖို့အတွက် ရေများများသောက်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ရေသောက်ဖို့မမေ့ပါနဲ့။

6. ဆေးလိပ်နဲ့ အရက်ရှောင်ပါ

ဆေးလိပ်နဲ့ အရက်ကြောင့် ကော်လာဂျင်အမျှင်တွေ ယိုယွင်းလာပြီး ဆဲလ်တွေရဲ့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ထိခိုက်စေပြီး အရေပြားကို ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ဒါကြောင့် ဆေးလိပ်နဲ့ အရက်ကို အတတ်နိုင်ဆုံး ရှောင်ပါ။