စာဖတ်သူတို့အားလုံးပဲ မင်္ဂလာပါနော်။ လတ်တလော ရည်းစားထားချင်ပေမယ့် Single ဘဝက ရုန်းမထွက်နိုင်သေးလို့ ကြံရာမရဖြစ်နေရတဲ့သူတွေရှိလား။ တစ်ချို့တွေက Single အနေနဲ့ တစ်ယောက်ထဲနေရတာကိုကြိုက်ပေမယ့် တစ်ခါတစ်ရံ အထီးကျန်တဲ့ခံစားချက်ဝင်လာရင် အချစ်ခံချင်လာတာမျိုး ဖြစ်တတ်ကြပါတယ်။ ရည်းစားထားမယ်လို့ စဉ်းစားလိုက်ပေမယ့် မရနိုင်ကြသေးတဲ့သူတွေမှာ ကိုယ်တိုင်က သတိမထားမိဘဲ အဆင့်သင့်မဖြစ်သေးတဲ့ လက္ခဏာတွေရှိနေနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေပြီလား သိနိုင်ဖို့ ဒီတစ်ခေါက်မှာ ရည်းစားထားဖို့ အဆင်သင့်မဖြစ်သေးတဲ့သူတွေမှာတွေ့ရတတ်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အရမ်း Stress များနေတယ်


လက်ရှိမှာ Stress အမြဲများနေတတ်တဲ့ဆိုရင် ရည်းစားရဖို့ ခက်ခဲနိုင်ပါတယ်။ တစ်ခြားကိစ္စတွေနဲ့ Stress များနေမယ်ဆိုရင် Relationship တစ်ခုအတွက် ဘယ်လိုမှအချိန်မပေးနိုင်ပါဘူး။ တစ်ဖက်လူအပေါ် အချိန်မပေးနိုင်တာက သင်အမှန်တကယ် အဆင်သင့်မဖြစ်သေးကြောင်း ပြနေပါတယ်။

Single ဖြစ်ရတာကို မုန်းတယ်


Single ဖြစ်ရတာကို ငြီးငွေ့နေတဲ့ စိတ်တစ်ခုထဲနဲ့ ရည်းစားမရှာသင့်ပါဘူးနော်။ ဒါက တစ်နည်းအားဖြင့် ကိုယ်မကြိုက်အရာတွေကနေ အတင်းရှောင်ပြေးဖို့ ကြိုးစားသလို ဆင်တူတာမို့ ရေရှည်စိတ်တိုင်းကျဖို့ ခက်ခဲနိုင်ပါတယ်။

ရည်းစားရတဲ့အတွေးအပေါ် အာရုံပိုစိုက်တယ်


နောက်ထပ် လက္ခဏာတစ်ခုကတော့ ကိုယ်တွဲရမယ့်လူထက် ရည်းစားရဖို့ဆိုတဲ့ အတွေးကိုပဲ အာရုံစိုက်နေတာပါ။ ကိုယ်တကယ်ကြိုက်တဲ့သူကို ရှာဖို့ထက် ရည်းစားရရင် ဘာတွေလုပ်မယ်ဆိုတာကိုပဲ တွေးမိတဲ့သူက တကယ်တမ်းမှာ Relationship တစ်ခုအတွက် အဆင်သင့်မဖြစ်သေးပါဘူး။

Pressure ကြောင့် မရွေးချယ်ပါနဲ့


ပတ်ဝန်းကျင်က မြှောက်ပေးရင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးရင်းနဲ့ပဲ ရည်းစားထားဖို့ စဉ်းစားတာမျိုးကလည်း တကယ်တမ်း အဆင်သင့်မဖြစ်သေးဘဲ ရွေးချယ်မှုမှားသွားတတ်ပါတယ်။

ရည်းစားရှိတဲ့ခံစားချက်ကို သိချင်နေတယ်


ရည်းစားထားတဲ့ ခံစားချက်ကို သိချင်ရုံသက်သက် ရည်းစားလိုချင်နေမိပြီလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါနော်။ အတွေ့အကြုံလိုချင်ရုံနဲ့ Goal တစ်ခုလို သတ်မှတ်ပြီး ကြိုးစားနေမယ်ဆိုရင် Relationship တစ်ခုတည်ဆောက်နိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။

ကိုယ်ဘာလိုချင်လဲ မသေချာသေးဘူး


တော်တော်များများ ရည်းစားမရှိသေးတဲ့သူတွေက လာကြိုက်မယ့်သူမရှိတာထက် ကိုယ်တိုင်က ဘာကိုလိုချင်လဲ တိတိကျကျ မသိတာများပါတယ်။ သင်ကိုယ်တိုင်လည်း ရွေးချယ်စရာမရှိဖြစ်နေမယ် ဘယ်လို Relationship မျိုးလိုချင်လဲ မသေမချာဖြစ်နေမယ်ဆိုရင် ရည်းစားထားဖို့ အချိန်ယူရဦးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar