ဘဝရဲ့ အနိမ့်အမြင့်တွေကနေ ကင်းလွတ်တဲ့ Relationship ဆိုတာ မရှိပါဘူး။ Relationship တစ်ခုမှာ နားလည်မှု ၊ လိုက်လျောညီထွေရှိမှုနဲ့ ဟန်ချက်ညီမှုတွေရှိမှသာ ခိုင်မြဲကြတာပါ။ လက်ရှိ Relationship မှာ အဆင်မပြေမှုတွေ ကြုံနေရပေမယ့် လက်တွဲမဖြုတ်ချင်ဘူးဆိုရင်တော့ ဒီအချက်တွေကို ဆင်ခြင်သင့်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောပါ

နှစ်ယောက်လုံး ရင်ဆိုင်နေရတဲ့ပြသနာတွေကို အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောပြဖို့အရေးကြီးပါတယ်။ ကြုံနေရတဲ့ပြဿနာတွေကို အတူရင်ဆိုင်ဖြေရှင်းမှသာ ခိုင်မြဲတဲ့ Relationship ကို ပိုင်ဆိုင်နိုင်မှာပါ။

လေးစားပါ

ပြသနာတွေ ဘယ်လိုပဲဖြစ်နေပါစေ အခြေအနေတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် လေးစားနေတုန်း ၊ လေးလေးနက်နက်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အချင်းချင်းရဲ့ခံစားချက်တွေကို ဂရုစိုက်မှုရှိနေတုန်းဆိုရင် သင့်ရဲ့ Relationship ဟာ ခိုင်မြဲနေမှာပါ။

အကူအညီပေးပါ

အတားအဆီးတွေကို အတူတူ ကျော်ဖြတ်ဖို့အတွက် အကူအညီနဲ့ လမ်းညွှန်မှုတွေ လိုအပ်လာတဲ့အခါ ပြဿနာကို အဖြေရှာဖို့နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တာကို နှစ်ဦးစလုံးက ဆန္ဒရှိဖို့လိုအပ်ပါတယ်။

ခွင့်လွှတ်ပါ

အတူရှိတဲ့အချိန်များလာလေ အချင်းချင်း ခွင့်လွှတ်ရမယ့်အရာတွေ များလာမှာပါ။ နာကြည်းမှုကို ဆုပ်ကိုင်ထားပြီး သံသရာလည်နေအုန်းမယ်ဆို အဆင်ပြေမှာမဟုတ်ပါဘူး။ အတိတ်ကို အတိတ်ဖြစ်ပါစေ၊ ရှေ့ကိုဆက်ဖို့ အာရုံစိုက်လိုက်ပါ။ ဒါမှ အဆင်ပြေမှာပါ။